Part 110

1.5K 184 0
                                    


အခန်း(၁၁၀)

နောက်တစ်နေ့ကျတော့ ဘုန်းတော်ကြီးခူဟွေက ကတိအတိုင်းရောက်လာကာ ယွီရှန်းရဲ့လက်ကောက်ဝတ်ကိုကိုင်ပြီး သွေးခုန်နှုန်းစမ်းခဲ့သည်။

၁၅မိနစ်လောက်ကြာပြီးနောက် သူ့ရဲ့အတွေးနက်နေသည့် အမူအရာကိုတွေ့တော့ မဒမ်အိုကြီးက စိုးရိမ်စွာမေးခဲ့သည်။ "အရှင်ဘုရား ရှန်းအာရဲ့ဒဏ်ရာက ကုလို့ရပါသလား။"

ခူဟွေက မဖြေခဲ့ပေ။ ထိုအစား သူက ငုံ့ကိုင်းကာ ယွီရှန်းရဲ့ ချည်ပန်းထိုးဖိနပ်ကို ချွတ်ခဲ့ပေမယ့် သူ့လက်ကောက်ဝတ်က ယွီဖင်ယန်ရဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။ ဘုန်းတော်ကြီးခူဟွေက အသက်နှစ် နှစ်ကတည်းက သာသနာ့ဘောင်ကိုဝင်ခဲ့သော်လည်း ယွီဖင်ယန်ရဲ့ အေးစက်သည့်အကြည့်ကြောင့် ရိုးတွင်းချဥ်ဆီထဲထိ အေးစိမ့်သွားခဲ့သည်။ သူက အမြန်ရှင်းပြလိုက်လေသည်။ "ဒကာကြီးယွီ ကိုယ်တော်က ဒကာမလေးယွီကို ကုသပေးဖို့အတွက် ဒဏ်ရာကိုကြည့်ရှုမလို့ပါ။"

"အမျိုးသားနဲ့အမျိုးသမီးကြားမှာ တိုက်ရိုက်ထိတွေ့ခွင့်မရှိဘူး။" ယွီဖင်ယန်က တစ်လုံးချင်းပြောခဲ့သည်။

ဘုန်းတော်ကြီး ခူဟွေက ခါးသက်စွာပြုံးပြီး ပြောခဲ့သည်။ "ဒကာလေးယွီ အထင်လွဲမှားနေပြီ ကိုယ်တော်က လူနာလို့ပဲမြင်ပါတယ်၊ အမျိုးသမီးတွေ အမျိုးသားတွေဆိုတဲ့ ကန့်သတ်ချက်တွေမရှိဘူး၊ ကုသမှုအတွက် အခြေခံအကျဆုံးအချက်တွေဖြစ်တဲ့ ကြည့်ရှုရမယ်၊ အနံ့ခံရမယ်၊ မေးမြန်းရမယ်၊ သွေးခုန်နှုန်းစမ်းရမယ်၊ ဒါတွေမရှိရင် ကုသလို့မရဘူး၊ ဒကာကြီးယွီ ခွင့်မပြုရင်တော့ ကုသမှု မှားယွင်းသွားမှာ စိုးရပါတယ်။"

ယွီဖင်ယန်က မျက်မှောင်ကြုပ်ပြီးနောက် လက်ကိုလွှတ်ပေးလိုက်သည်။ ဘုန်းတော်ကြီးခူဟွေက သူ့ရဲ့နီရဲနေသည့်လက်ကို ကြည့်ပြီးနောက် ခါယမ်းပြီး ခါးသက်စွာပြုံးလိုက်သည်။

ယွီရှန်းက ဟန်မင်းဆက်မှာ၅နှစ်လောက်နေထိုင်ခဲ့သော်လည်း သူမက မော်ဒန်ခေတ်ကလူဖြစ်တာကြောင့် အမျိုးသားနှင့် အမျိုးသမီးကြားက အထိအတွေ့ကို ဂရုမစိုက်ပေ။ သူတို့နှစ်ယောက်စကားများနေတုန်း သူမက ဖိနပ်ကိုချွတ် ဘောင်းဘီကို မြှောက်တင်ပြီး ဒူးကိုထိကာ ပြောခဲ့သည်။ "တွေ့လား အရင်က ဒူးကို အလျားလိုက်ဖြတ်မိပြီး ဒါကအမာရွတ်လေ။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now