Part 51

2K 257 4
                                    

TYCDTN

Chapter 51

ယွီဖင်ယန်က ညီမဖြစ်သူကို အခန်းထဲပြန်ပို့ပြီးနောက် အမြန်ထွက်မသွားပေ။ သူက အပြင်ထွက်သွားကာ လက်ကိုင်ပဝါကို ရေဆွတ်ပြီး ညီမဖြစ်သူရဲ့ မိတ်ကပ်တွေကို ဖျက်ပေးလိုက်သည်။

ဆူးပါသည့် နှင်းဆီကနေ နေရောင်အောက်မှာ အရည်ပျော်သည့် ပျားရည်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုချိုမြိန်မှုလေးက သူ့ရှေ့မှာသာ ဖြစ်ပေါ်ကာ ယွီဖင်ယန်ရဲ့ နှလုံးတွေ အခုန်မြန်သွားကာ ပြင်းထန်သည့်အရက်မူးသလို ခြေလက်တွေထုံကျဥ်သွားခဲ့သည်။

ယွီဖင်ယန်က သူ(မ)ရဲ့ နူးညံ့သည့်မျက်နှာလေးကို ပွတ်သပ်ပေးပြီး ကြည့်နေကာ နှုတ်ခမ်းက နီနေဆဲဖြစ်တာကို တွေ့သွားခဲ့သည်။ သူက လက်ဖြင့် နှူတ်လမ်းကိုပွတ်သုတ်ပေးလိုက်ကာ ထိုလက်ကို သူ့ရဲ့ပါးစပ်ထဲထည့်ကာ အရသာခံလိုက်သည်။ အရသာက တကယ်ချိုမြသည်။

ယွီရှန်းက မျက်လုံးဝိုင်းဝိုင်းကြီးဖြင့် ပင့်ကြည့်ကာ မေးလေသည်

"ချိုလား၊ ပျားရည်နဲ့နှင်းဆီပန်းရွက်တွေ အများကြီးထည့်ရောထားတာ"

"ချိုတယ် ဒါပေမယ့် နည်းနည်းချိုဖို့ လိုသေးတယ်"

ယွီဖင်ယန်က အံ့သြကြောင်အနေသည့် လျိုလွီ့ဆီ လက်ကိုင်ပဝါကမ်းပေးပြီး ဖိနပ်ချွတ်ကာ ညောင်စောင်းထက် တက်ပြီး ညီမဖြစ်သူကို လက်မောင်းထဲ ပွေ့ဖက်လိုက်သည်။ သူက ထွက်သွားဖို့ ရည်ရွယ်ချက်မရှိဟန်ဖြင့် ခေါင်းအုံးနောက်က စာအုပ်ထုတ်ကာ အေးဆေးဖတ်နေလေသည်။

လျိုလွီ့က ရေဇလုံကိုင်ကာ လေးလံသည့်ခြေလှမ်းတွေဖြင့် ထွက်သွားလေသည်။ ဘယ်လိုကြည့်ကြည့် မှူးမတ်ကြီးရဲ့ အပြုအမူတွေက တော်တော်ထူးဆန်းတယ်။ သူတို့က မောင်နှမတွေ မဟုတ်လား။ ဘာလို့ ညားခါစ လင်မယားတွေနဲ့တူနေတာလဲ။

ယွီရှန်းကတော့ စိုးရိမ်စိတ်ရှိမနေပေ။ သူ(မ)က ပျော်ရွှင်စွာ တစ်ခစ်ခစ်ရယ်ရင်း အစ်ကိုဖြစ်သူရဲ့ သန်မာသည့် ရင်ဘတ်ကို ဆတ်ကနဲ ထုကာ ပြောလေသည်

"ပိုချိုအောင် ပျားဖယောင်း ဘယ်လောက်ထည့်ရဦးမှာလဲ၊ နှုတ်ခမ်းနီလုပ်တာနော် ချိုချဥ်လုပ်နေတာ မဟုတ်ဘူး၊ အစ်ကိုကြီးက ဘယ်တုန်းက အဲလောက် အချိုကြိုက်သွားတာလဲ"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now