98 01
အခန်း(၉၈)
ယွီဖင်ယန်က ယွီရှန်းကို စောင်အောက်ထားပေးပြီးနောက် ဗိုက်နား ရေနွေးပုလင်း နှစ်ခုထည့်ပေးပြီး ဗိုက်ကိုပွတ်ပေးပြီးနောက် အပြုံးဖြင့် ထွက်သွားခဲ့သည်။ မဒမ်အိုကြီးရဲ့ အဆောင်တော်ထဲ ဝင်လိုက်သည်နှင့် သူ့အပြုံးတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်ဖို့ကောင်းသည့် ရက်စက် ကြမ်းကြုတ်သည့် အမူအရာသာ ကျန်တော့သည်။
ယွီစီးယွီ့က သူ့နောက်ကနေလိုက်ဝင်ပြီး မဒမ်အိုကြီးရဲ့ ပျက်ယွင်းနေသည့် အမူအရာကိုမြင်တော့ အမြန်ရှေ့တိုးသွားကာ သွားနှစ်သိမ့်ပေးခဲ့သည်။
မဒမ်အိုကြီးက ဘာမှ မပြောနိုင်ဘဲ သူမရဲ့လက်ကောက်ဝတ်ကို ကိုင်ကာ ပါးစပ်ဖွင့်ရုံမျှ ပြောခဲ့သည်။ "နင်လာတာဘာလို့ နောက်ကျနေတာလဲ။"
"ရထားလုံးရဲ့ ဘီးလုံးကျိုးသွားလို့ အဲတာ ပြင်နေတာ အချိန် တစ်နာရီနီးပါးလောက် ကုန်သွားလို့ပါ။" ယွီစီးယွီ့က စကားပြောတာရပ်လိုက်ပြီး ခန်းမ အပြင်မှာရပ်နေသည့် ကျေးလက်သားအမျိုးသမီးတွေကို တစ်ချက်ကြည့်လိုက်သည်။ သူမ အကြည့်ဆီ မဒမ်အိုကြီးက လိုက်ကြည့်ပြီးနောက် ကြက်သေသေသွားပြီးမှ သူတို့ကို ညွှန်ပြကာ မေးခဲ့သည်။ "အဲတာ ကျုံးစွင်ရဲ့ အမျိုးသမီး မဟုတ်လား။"
ယွီစီးယွီ့က အဖြေကို အတည်ပြု ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ပါတယ် ဦးလေး ကျုံးစွင်ရဲ့ ဇနီးပါ။"
အရင်မှူးမတ်ဟောင်းကြီးရဲ့ လက်အောက်ငယ်သား မိသားစုဝင်တွေဖြစ်သည့် ကျေးလက်သား အမျိုးသမီး အများအပြားရှိသည်။ သူတို့ ခင်ပွန်းတွေက တိုက်ပွဲမှာ ကံဆိုးမှုနှင့် ကြုံကာ ကျဆုံးခဲ့ပြီး တချို့ကလည်း ခြေပြတ် လက်ပြတ်ဖြင့် မှူးမတ်ဟောင်းကြီးနှင့် အတူပြန်လာခဲ့ကြသည်။ သူတို့တွင် ရွေးချယ်စရာ မရှိတာကြောင့် စစ်တပ်ကထွက်ကာ သာမာန်ပြည်သူ ဘဝဖြင့် နေထိုင်ခဲ့ရသည်။ အရင်မှူးမတ်ကြီးက တရားနည်းလမ်းကျသည့် လူဖြစ်တာကြောင့် သူတို့ကို မှူးမတ်ကြီးပိုင်သည့် မြေယာမှာ နေရာချပေးခဲ့ပြီး သူတို့ရဲ့ ကျန်ရှိသည့် ဘဝ တစ်လျှောက်လုံးအတွက် လစဥ်ထောက်ပံ့ကြေး ငွေတုံး၅တုံး ပေးခဲ့သည်။