Part 132

1.7K 178 0
                                    


အခန်း(၁၃၂)

သခင်ကြီးစွင်းက သူ့တစ်ဘဝလုံး လယ်ယာစိုက်ခြင်းနှင့် ဆည်မြောင်းသွယ်ခြင်း လုပ်ငန်းများကို သင်ယူခြင်း၌သာ မြှုပ်နှံခဲ့သည်။ အဆင့်မြင့်ရာထူးကိုရဖို့ ရည်မှန်းချက် သူ့မှာ မရှိပေ။ သို့ပေမယ့်လည်း တုံးအကာ ဥစ္စာတွေကို ငမ်းငမ်းတက်လိုချင်သည့် တရားဝင်ဇနီးကို လက်ထပ်ယူခဲ့ရလိမ့်မည်ဟု မထင်မိခဲ့ပေ။ သူမ မွေးလာသည့် တရားဝင်သားဟာလည်း ရည်မှန်းချက်ကြီးက နိုင်ထက်စီးနင်း ပြုမူသည့်လူဖြစ်နေသည်။ ဒါ့အပြင် နန်းတော်ထဲမှာ ကြွယ်ကြွယ်ဝဝ ချမ်းချမ်းသာသာ နေလိုသည့် ညီမ ဖြစ်သူက ရှိသေးသည်။ စွင်းမိသားစုက မျိုးဆက်၅ဆက်တိုင် နာမည်ကောင်းခဲ့ပြီးမှ ထိုကိစ္စကြောင့် ပျက်စီးသွားပြီဖြစ်ရာ သူ့မှာ အချိန်တွေကို နောက်ပြန်လှည့်နိုင်သည့် အစွမ်း မရှိပေ။ ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ အဆိုးဆုံးအခြေအနေမှာ အကောင်းဆုံးလမ်းကို လျှောက်ဖို့ပဲကျန်တော့သည်။

ပုံမှန်ဆိုရင် သခင်ကြီးစွင်းက ညီလာခံက မှူးမတ်အရာရှိကြီးတွေကြားမှာ မတ်မတ်ရပ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် စကားတွေ နားထောင်နေလေ့ရှိသည်။ သို့ပေမယ့် ဒီနေ့တော့ ညီလာခံတံဆိပ်ပြားကိုကိုင်ကာ သူ့လက်တွေ တုန်ယင်နေခဲ့သည်။ သူ့ရဲ့ အရာရှိ ဦးထုပ်အစွန်းက ချွေးတွေစီးကျကာ နားထင်နှင့် နားရွက်တစ်လျှောက်ထိ ကျနေခဲ့သည်။ သူ မသုတ်ရဲပေ။ လုပ်ငန်းဝန်ကြီးတွေရဲ့ အနောက်မှာ အနည်းငယ် အနောက်တိုးနေခဲ့သည်။ သူမော့ကြည့်လိုက်တော့ရှေ့ကို လျှောက်လာနေသည့် နံပါတ်၄မင်းသားနှင့် အကြည့်ချင်း ဆုံခဲ့လေသည်။ သူ့အမြင်မှာ သူမျက်လုံးထဲမှာ ပြင်းထန်သည့်ဆန္ဒတွေ တောက်လောင်နေခဲ့သည်။

"သခင်ကြီးစွင်း နေမကောင်းဘူးလား။" နံပါတ်၄မင်းသားက ပြုံးပြခဲ့သည်။ သူက သတင်းတွေအတိုင်း ရည်မွန်ခြင်း၊ ဂရုဏာကြီးခြင်းနှင့် သဘောထားလည်းကြီးသည်။

"နံပါတ်၄မင်းသား စိုးရိမ်ပေးတဲ့အတွက် ကျွန်တော်မျိုးက ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုးက အအေးမိတာပါ ကြီးကြီးမားမား ဖျားနာတာ မဟုတ်ပါဘူး။" သခင်ကြီးစွင်းက ခေါင်းငုံ့ထားကာ သူ့အကြည့်ကို ရင်မဆိုင်ရဲပေ။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now