Part 99

1.4K 191 6
                                    


အခန်း(၉၉)

ယွီမောက်ချီက ယွီစီးယွီ့ကို ပါးချပစ်ပြီး အော်ခဲ့သည်။ "ထွက်သွားစမ်း၊ ဒါငါနဲ့ယွီရှန်းကြားကကိစ္စ၊ နင့်ဝင်နှောက်ယှက်စရာ အကြောင်းမရှိဘူး။"

"ခွေးမ နင်ကများ ငါ့ကို ပါးချရဲတယ်ပေါ့၊ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်။" ယွီစီးယွီ့က ကျေးရွာမှာ နှစ်ဝက်ကျော်လောက်နေလာသည့် ကျေးလက်အမျိုးသမီးဖြစ်သည်။ သူမက ရွာငယ်လေးရဲ့ အတွင်းရေး အပြင်ရေးတွေအကုန် ကိုင်တွယ်ခဲ့တာကြောင့် အရင်ကထက် တိုက်ခိုက်စွမ်းရည် ပိုတိုးလာခဲ့သည်။ သူမက ယွီမောက်ချီရဲ့ ဆံပင်ကိုဆွဲပြီး အိပ်ရာပေါ် အရှိန်ပြင်းစွာ တွန်းလှဲပစ်သည်။

ထောင်ဟုန်နှင့် လျိုလွီ့က ရှေ့တိုးလာကာ လူစုခွဲသော်လည်း ယွီရှန်းက အိပ်ရာကိုမှီပြီး ရေနွေးပုလင်းနှစ်ပုလင်းကို ဖက်ကာ သူတို့နှစ်ယောက်ကို ဒီတိုင်းကြည့်နေခဲ့သည်။ ယွီစီးယွီ့က အင်္ကျီရင်ဘတ်သာ ဟနေပေမယ့် ယွီမောက်ချီကတော့ အချိန်ရာချီ အနိုင်ကျင့်ခံထားရသလို တစ်ကိုယ်လုံး ဖရိုဖရဲတွေဖြစ်နေခဲ့သည်။ ယွီရှန်းက ဇိမ်ခံကြည့်နေတာကို သူမ တွေ့တော့ မျက်လုံးအိမ်တွေ ပိုလှုပ်ရှားသွားကာ အသံကုန် အော်ဟစ်ခဲ့သည်။ "ယွီရှန်း နင်သိပ်ကျေနပ်နေတယ်ပေါ့၊ နင်က ယွီမိသားစုနဲ့ဘာမှမတော်စပ်ဘဲ အထိန်းတော်က မှားခေါ်လာတဲ့ မျိုးမစစ်မပဲ၊ ငါတို့နှစ်ယောက် ရုပ်မတူတာ ထူးဆန်းတယ်လို့ မထင်ဘူးလား၊ ငါတို့က အမြွှာတွေ မဟုတ်သလို ဘာမှလည်း မတော်စပ်ဘူးလေ... "

သူမက ဒီနှစ်တွေထဲဖြစ်ခဲ့သည့် ကိစ္စရပ်တွေအကုန်လုံးကို ထုတ်ပြောခဲ့ပြီး ရှန်မိသားစု ပျက်စီးသွားသည့်အကြောင်းနှင့် ရှန်ယွမ်ချီ ထိပ်တန်းစာသင်သားဖြစ်သွားသည့် အကြောင်းကိုတော့ ထိန်ချန်ထားခဲ့သည်။ သူမ ထုတ်ပြောခဲ့သည့် ကိစ္စကို အခန်းထဲက လူတွေ ကြားရုံသာမက ဖြတ်သွားဖြတ်လာ အစေခံတွေပါ တစ်လုံးမကျန် အကုန်ကြားသွားခဲ့သည်။

ထောင်ဟုန်နှင့် လျိုလွီ့က လုံးဝ ကြက်သေသေသွားခဲ့သည်။ ယွီရှန်းက ခေါင်းငုံ့ထားတာကြောင့် သူမ အမူအရာကို ယွီစီးယွီ့ မတွေ့ရပေ။ သူမက ထိုင်ချပြီး ယွီရှန်း ပုခုံးကိုကိုင်ကာ နှစ်သိမ့်ပေးချင်ပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now