Part 77

1.7K 218 0
                                    

TYCDTN

Chapter 77

အိမ်ရှေ့စံမင်းသမီး ကိုယ်လက်မအီမသာ ဖြစ်နေတာကြောင့် တစ်လပြည့်မွေးနေ့ကို ကြီးကြီးကျယ်ကျယ် မကျင်းပခဲ့ပေ။ ရင်းနှီးသည့်မိတ်ဆွေတွေနှင့် မင်းသားတွေကိုသာ ဖိတ်ကြားပြီး တခြားအရာရှိတွေကတော့ လက်ဆောင်ပေးပို့ပြီးသည်နှင့် ပြန်သွားကြသည်။

နံပါတ်၉မင်းသမီးနှင့် သူတို့ ပွဲကိုရောက်တော့ ပွဲစတော့မည် ဖြစ်ကာ အိမ်ရှေ့စံမင်းသမီးက သူ(မ) မိသားစုနှင့် အတွင်းခန်းထဲတွင် ရှိနေသည်။ ခုံရုံးက အမျိုးသမီးတွေရဲ့ တားမြစ်မှုကို နံပါတ်၉မင်းသမီးက လျစ်လျူရှုကာ ယွီရှန်းကို အခန်းထဲ ခေါ်သွားခဲ့ပြီး ယွီမောက်ချီကတော့ အပြင်မှာကျန်ခဲ့သည်။

အိမ်ရှေ့စံမင်းသမီး၏ လေသံက အရမ်းအားနည်းနေတာကြောင့် အပြင်မှာ ပျံ့နေသည့်သတင်းတွေက ကောလဟာလ မဟုတ်ပေ။ သူ(မ) ပြောသည့် စကားကိုတောင် မကြားရတော့ သူ(မ) အမေက ရှိုက်ငိုလျက်..

"ဒါဆိုလည်း သမီးသဘောပါပဲ၊ အမေတို့က ဒီကလေး၂ယောက်ကို.. "

နံပါတ်၉မင်းသမီးက ဆတ်ကနဲ ဝင်လာတာကြောင့် သူတို့တွေက မျက်ရည်တွေ သုတ်လိုက်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ယွီရှန်းက လိမ်လိမ်မာမာဖြင့် ထောင်ဟုန်နှင့် လျိုလွီ့ကို သူ(မ) ဝှီးချဲကို အပြင်သို့ တွန်းခိုင်းလိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ်သာ စောင့်နေလိုက်သည်။

"ယောက်မ ဒီနေ့က မင်္ဂလာရှိတဲ့နေ့လေ၊ ဘာလို့ ငို့နေတာလဲ"

နံပါတ်၉မင်းသမီးလေးက ရှေ့တိုးကာ နီရဲနေသည့် မျက်လုံးတွေကို စိုက်ကြည့်ခဲ့သည်။

အိမ်ရှေ့စံ မင်းသမီးက အကြည့်တွေ ရှောင်လိုက်တော့ နံပါတ်၉မင်းသမီးကလည်း လိုက်ကြည့်နေပြီး ယောက်မ၂ယောက် တစ်ယောက်က ရှောင်လိုက် တစ်ယောက်က လိုက်ကြည့်လိုက်ဖြင့် ခဏလောက် စကားနေကြကာ သူတို့တွေက ကျေနပ်နေကြသည်။ ထိုအချင်းအရာကို မြင်သည့် အိမ်ရှေ့စံမင်းသမီးရဲ့ အမေက စိတ်သက်သာသွားကာ ထွက်သွားလိုက်လေသည်။ သူ(မ) အခန်းပြင်ရောက်တော့ ယွီရှန်းကို တွေ့သည်နှင့် ပြုံးပြကာ ရှေ့တိုးသွားရင်း စကားပြောနေလိုက်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now