Part 55

2K 240 2
                                    

TYCDTN

Chapter 55

စားစရာထည့်မည့်ခွက်အလွတ်ကိုသယ်ကာ ကတိုက်ကရိုက်ပြန်လာသည့် ထောင်ဟုန်က အခန်းထဲက ထွက်လာသည့် လျိုလွီ့နှင့် တွေ့လေသည်။

"အရူးမ ဘယ်မှာလဲ မနက်စာက ဘာလို့ ဘာမှမပါဘဲ ပြန်လာတာလဲ"

"မကောင်းတော့ဘူး ဒုသခင်မလေးက အခု မှူးမတ်ကြီးကို တိုင်နေပြီ၊ သူက မှူးမတ်ကြီးရဲ့ အင်္ကျီကိုဆွဲပြီး ငိုနေတာကို လမ်းမှာတွေ့ခဲ့တာ၊ သခင်မလေးရှန်းအာရဲ့ အကြောင်းကို ဘယ်လိုတွေ အပုပ်ချနေမလဲ မသိပါဘူး"

"အဲလိုလား"

လျိုလွီ့က အမြန်ပြန်လှည့်ဝင်ကာ ဆန်ပြုတ်စားနေသည့် သခင်ဖြစ်သူကိုကြည့်ပြီး ပြောလေသည်။

"သခင်မလေး သူက ရန်မစဘဲ ဘာလို့ ရန်လိုလိုက်တာလဲ၊ သူက ၁၄နှစ်လောက် အိမ်မပြန်လာရတဲ့လူလေ မှူးမတ်ကြီးလည်း သူနဲ့ပတ်သက်ပြီး နည်းနည်းတော့ စိတ်ပူမှာပဲ"

ယွီရှန်းက စိတ်မဝင်စားသလို လက်ခါပြပြီး မျက်လုံးက တံခါးကို တည့်တည့် ကြည့်နေသည်။

၁၅မိနစ်လောက်ကြာပြီးနောက် ယွီဖင်ယန်က မနက်ခင်းနေရောင်ကို ဖြတ်ကာ အခန်းထဲဝင်ခဲ့ပြီး မနက်စာ ခင်းကျင်းထားသည့် စားပွဲက ထိုင်ခုံမှာ ဝင်ထိုင်လေသည်။

"ကြက်သားဆန်ပြုတ်က ကောင်းတယ်၊ အစ်ကိုကြီး စားဦးမလား၊ ခွံ့ကျွေးမယ်"

ယွီရှန်းက ဆန်ပြုတ်တစ်ဇွန်းခပ်ကာ သေချာမှုတ်ပေးပြီး အစ်ကိုဖြစ်သူကို ဂရုတစိုက် ကျွေးလိုက်သည်။

နူးညံ့လှတဲ့ နှင်းဆီလို မျက်နှာလေးက မနက်ခင်းနေရောင်ကြားမှာ သူ့ကို နှုတ်ဆက်ကြိုဆိုရင်း ကြက်သားဆန်ပြုတ်နှင့် ရောနေသည့် မက်မွန်နှင့်ကြာပန်းပွင့်နံ့ သင်းသင်းလေးက လူရဲ့ဗိုက်ဆာသည့် စိတ်ကို တိုးသွားစေသည်။

ယွီဖင်ယန်ရဲ့ လည်ဇလုပ်က အနည်းငယ် ရွေ့လျားသွားခဲ့သည်။ သူက ဇွန်းထဲက ဆန်ပြုတ်ကိုသောက်ကာ မေးလေသည်။

"တစ်ယောက်ယောက်က မကောင်းတဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်ချင်နေတာပဲ၊ ပြောပါဦး ဘာမကောင်းတာ လုပ်ထားတာလဲ"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now