Part 101

1.4K 169 6
                                    


အခန်း(၁၀၁)

ထိုစကားကြောင့် ယွီရှန်းက မျက်ရည်ဝဲသွားပြီး ခေါင်းကို တစ်ဖက်လှည့်ကာ မျက်ရည်သုတ်ခဲ့သည်။ ထောင်ဟုန်နှင့် လျိုလွီ့ရဲ့ရင်ထဲမှာလည်း တိုင်းတာမရသည့် စိတ်ပျက်မှုတွေ လျှံတက်လာကာ ပုခုံးတွေ ချက်ချင်းပဲ အောက်လျှောကျခဲ့သည်။

ယွီဖင်ယန်က သက်ပြင်းရှိုက်ပြီးနောက် သူ့ခွကြားက မာနေသည့်အရာကို သူမ ခံစားမိအောင် ယွီရှန်းရဲ့ တင်ပါးကို အားသုံးပြီးဖိညှစ်ကာ မေးခဲ့သည်။ "ဒီကမ္ဘာမှာ ညီမဖြစ်သူကို အမြဲနမ်းနေတဲ့ အစ်ကိုကိုတွေ့ဖူးလား၊ ဒီကမ္ဘာပေါ်မှာ ညတိုင်းအိပ်မက်တွေထဲညီမဖြစ်သူကိုမောင်ပိုင်စီးထားတဲ့ အစ်ကိုကိုတွေ့ဖူးလား၊ ဘယ်အစ်ကိုက ညီမဖြစ်သူကို လက်ထပ်ချင်လို့လဲ၊ ကိုယ်ဒီလောက်ထိဖြစ်နေတာတောင် မင်းက ကိုယ့်ကို အစ်ကိုကြီးနေရာမှာပဲ ထားချင်တာလား၊ အဲလိုလုပ်ဖို့ ကိုယ်ဆန္ဒရှိပါ့မလားကွာ။"

ယွီရှန်းရဲ့ နားရွက်ထိပ်လေးက နီရဲနေပြီး သူက ယွီဖင်ယန်ကို ကြည့်ဖို့ငြင်းဆန်နေသလို မကြည့်ရဲသလို ခေါင်းရှောင်နေခဲ့ပြီး စိတ်လှုပ်ရှားနေတာကြောင့် သူမရဲ့ မျက်တောင်တွေက ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည်။

ထောင်ဟုန်က ထိပ်လန့်သွားပြီး အာမေဋိတ်သံထွက်သွားတော့ လျို့လွီ့က သူ့ပါးစပ်ကို အမြန်ပိတ်ကာ အပြင်ဆွဲထုတ်သွားခဲ့သည်။

ယွီဖင်ယန်က အခန်းထဲကလူတွေ အကုန်ထွက်သွားအောင်စောင့်ပြီးနောက် သူမ မေးကိုဆွဲပင့်ကာ သူ့ကို ကြည့်စေခဲ့သည်။ "ရှန်းအာ ကိုယ်မင်းရဲ့ အစ်ကိုကြီး မဖြစ်ချင်ဘူး၊ မင်းရဲ့ယောက်ျားပဲဖြစ်ချင်တယ်၊ မင်းလည်း အရွယ်ရောက်ပြီဆိုတော့ ကိုယ်တို့ လက်ထပ်ရအောင်။"

ယွီရှန်းရဲ့ မျက်လုံးထောင့်လေးတွေက နီရဲနေခဲ့သည်။ "ဘာကိုလက်ထပ်မှာလဲ၊ အဖွားကို ဘယ်လိုရှင်းပြမှာလဲ၊ သူ့မျက်လုံးထဲမှာ ညီမလေးတို့က မောင်နှမတွေဖြစ်ပြီး အတူတူနေလိုက်ရင် သွေးရင်းသားရင်းဖောက်ဖြားမှုဖြစ်သွားမှာ၊ အစ်ကိုကြီးကိုတော့ သူဘာမှလုပ်မှာ မဟုတ်ပေမယ့် ညီမလေးကိုတော့ ငဲ့ကွက်နေမှာ မဟုတ်ဘူး။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now