အခန်း(၁၃၀)
ယွီရှန်း ထွက်သွားတုန်းက နွေရာသီ အလယ်ပိုင်းဖြစ်ပြီး သူမ ပြန်ရောက်လာတော့ ဆောင်းရာသီ အလယ်ပိုင်း ရောက်နပြီဖြစ်ကာ မြောက်လေက အကြမ်းပတမ်းတိုက်နေပြီး နှင်းစက်လေးတွေကိုပင် ရေခဲအဖြစ်ပြောင်းသွားစေခဲ့သည်။
နန်းတော်ပတ်ပတ်လည်က လူလုပ်ထားသည့် ရေကန်ကြီးတွေဖြင့်ဝန်းရံထားသည်။ နွေဦး၊ နွေရာသီနှင့် ဆောင်းဦးရာသီ သုံးခုလုံးမှာ အပြာရောင်ရေကန်ကျယ်ကြီးက စိုက်ပျိုးထားသည့် သစ်ပင်စိမ်းစိမ်းတွေဖြင့် အုပ်မိုးနေကာ မြင်ကွင်းက အလွန်ညှို့ယူဖမ်းစားနေသည်။ ဆောင်းရာသီဆိုရင်တော့ ရေကန်ထဲကရေတွေ ခဲကုန်လေသည်။ အဝေးကကြည့်ရင်တော့ လှပသည့် အဖြူရောင်လွင်ပြင်ကြီးဖြစ်ပေမယ့် အရိုးထိစိမ့်အောင် အေးလှသည်။
နန်တော်ထဲကအခန်းတွေထဲမှာ မြေအောက်အပူပေးစနစ် ထည့်ထားခဲ့သည်။ ကြင်ယာတော်စွင်းက မြေခွေးသားမွေးခြုံထည်ခြုံထားတာကြောင့် သူမရဲ့ သူမရဲ့ ဆူဖောင်းနေသည့်ဗိုက်က အလွန်ကြီးနေသည်။ သူမက အသားဖြူဖြူနှင့် လှပသည့်ရုပ်ရည်ရှိသည်။ လက်ရှိမှာတော့ သူမက ညောင်စောင်းထက်မှာ ပျင်းရိပျင်းတွဲ မှီနေခဲ့သည်။ လကကောင်းကင်ထက်မှာနေသလို သူမ မျက်လုံးတွေက မောက်မာမှုနှင့် မြင့်မြတ်မှုတွေကို ထုတ်လွင့်ဖြန့်ကျက်ထားလေသည်။
သခင်မကြီးစွင်းက အလေးထားကာပြောလေသည်။ "မယ်မယ်ရဲ့ဗိုက်က ဆူဆူဖောင်းဖောင်းနဲ့ဆိုတော့ သားယောက်ျားလေး လွယ်ထားရတာဖြစ်မယ်။"
ကြင်ယာတော်စွင်းက ဗိုက်ကိုထိလိုက်ပြီး မျက်လုံးတွေ လခြမ်းကွေးပုံစံဖြစ်သွားအောင်ထိ ပြုံးလိုက်သည်။ "ဟုတ်လား၊ ကလေးက သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒီကလေးက ကောင်းချီးပေးခံရလိမ့်မယ်၊ ယောက်မတော်က ဘာကိစ္စရှိလို့ နန်းတော်ကို လာခဲ့တာလဲ။"
သခင်မကြီးစွင်းက သူတို့က ယွီရှန်းကို ကိုယ်လုပ်တော်အဖြစ် ယူလို့မရဖြစ်နေကြောင်း သူမကို ဇနီးအဖြစ်တင်တောင်းလာ လက်မထပ်လိုသည့်အကြောင်း သူမကို ပြောပြခဲ့လေသည်။