Part 124

908 132 0
                                    


အပိုင်း(၁၂၄)

ယွီစီးယွီ့က ကျေးရွာဘက်မှာ နှစ်ဝက်လောက်နေခဲ့ကာ သူမ လက်အားက ပိုးမွေးသလိုမွေးခံထားရသည့် အမျိုးသမီးငယ်လေးတွေ မယှဥ်နိုင်ပေ။ သူမရဲ့ လည်ပင်းညစ်မှုက ယွီမောက်ချီရဲ့ အရိုးကို တဂျွပ်ဂျွပ်မြည်စေရုံသာမက သူမကို ဒီတိုင်းသာဆက်လုပ်ပါက ယွီမောက်ချီ နေရာမှာတင်သေသွားနိုင်သည်။

ယွီမောက်ချီရဲ့ မျက်နှာကြီး ဖြူဖပ်ကာ ပြတ်တောင်းပြတ်တောင်း အသက်ရှုနေရပြီး နဖူးမှာ သွေးကြောတွေပင် ထောင်ထနေပြီး သူမ ပုံစံက အကျည်းတန်နေခဲ့သည်။ သူမက တဖြည်းဖြည်း အသိစိတ်ပျောက်လာသလို ခံစားရပြီး ရင်ဘတ်ကြီး ပြန့်ကားကာ မကြာခင်ပဲ နံရိုးတွေပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ သူမက သေအံ့ဆဲဆဲဖြစ်နေကာ အကူအညီမဲ့စွာ မြေပြင်ကို ကုတ်ခြစ်နေခဲ့သည်။ သူမရဲ့ ကျိုးပဲ့သွားသည့် လက်သည်းတွေနှင့် သွေးတွေက ကောက်ရိုးပုံမှာ ထင်ကျန်နေသည်။

"ဘာလုပ်နေတာလဲ၊ လူသတ်နေပါတယ်၊ ဒီမှာ လူသတ်နေပါတယ်" အသိပေး အော်သံကြောင့် ယွီစီးယွီ့ရဲ့ ဆုပ်ကိုင်အားက အနည်းငယ် လျော့သွားခဲ့သည်။

ယွီမောက်ချီက အသက်ရှူသွင်းပြီးနောက် ခါးစည်းကိုဆွဲပြီး လေကိုအငမ်းမရ ရှူသွင်းခဲ့သည်။

"အမေ၊ ကျွန်မကို ကယ်ပါဦး၊ သူတို့ ကျွန်မကို သတ်ဖို့လုပ်နေတယ်" ယွီမောက်ချီက အကျဥ်းတံခါးအပြင်ဘက်မှာ ကြောက်လန့်သည့် အမူအရာဖြင့်ရပ်နေသည့် လင်ရှီဘက်ကိုလှည့်ကာ ပြောခဲ့သည်။

လင်ရှီက ရှေ့တိုးလာပြီး ယွီစီးယွီ့ကို အော်ဟစ်ဆူပူခဲ့သည်။ ထို့နောက်တော့ သူမကို သက်ညှာပေးဖို့အတွက် တောင်းပန်ခဲ့လေသည်။ မဒမ်အိုကြီးက မျက်လုံးမှိတ်ထားကာ ပြန်မဖြေခဲ့ဘဲ အရာရှိတွေရဲ့ ခြေသံကိုကြားမှ ပြောခဲ့သည်။ "သူ့ကိုလွှတ်လိုက်၊ သူ့ကို ဘယ်သူခိုင်းခိုင်း မှူးမတ်စံအိမ် မရှိတော့ရင် သူက အသုံးမဝင်တော့ဘူး၊ တစ်နေ့ကျရင် ဘယ်လိုအသေဆိုးနဲ့သေမလည်းဆိုတာ ကြည့်တာပေါ့၊ သူ့ကံတရား ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါစောင့်ကြည့်ဦးမယ်"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now