Part 80

1.8K 221 8
                                    

80 01

TYCDTN

Chapter 80

အစ်ကိုဖြစ်သူရဲ့ ကျောပြင်ကျယ်ကြီးနောက်မှာ မှီနေရတာကို ယွီရှန်း ဖော်ပြမရအောင် ပျော်ရွှင်နေသည်။ မိုးမခပင် ကိုင်းခက်ကို ဆွဲယူပြီး မိုးမခပင်ကို ဖြတ်ပြီးနောက် သစ်ကိုင်းခြောက်ကို ဝေ့ယမ်းကာ ပြောလေသည်။

"အကြောင်းအရင်းမရှိ အဆဲခံရတော့ ဝမ်းနည်းပေမယ့် ပြောပြလို့မရဘူး၊ ယောက္ခမနဲ့ဆုံတိုင်းလည်း အရိုက်ခံရလို့ ခါးသီးတယ်၊ ယောက်ျားက ကျွန်မရဲ့ ခံစားချက်တွေကို သိနေပေမယ့်လည်း မငဲ့ကွက်ခဲ့ဘူး၊ ယောက်ျားယွီက ပြောတယ် အဖေနဲ့ သမီးက ကြံရာပါတွေပဲတဲ့ ဒါပေမဲ့ ဥယျာဉ်တံတိုင်းမှာ အဝတ်အစားနဲ့ဖိနပ်တွေပို့ဖို့ အမှတ်ရခဲ့တယ်၊ ငါသာ တခြားယောက်ျားနဲ့ လက်ထပ်ချင်ရင် ဥယျာဉ်ထဲမှာ တွေ့ပြီး ငွေဒင်္ဂါးပေးပါ့မလား၊ ယောက်ျားနဲ့မိန်းမကြားက အရေးပါမှုကြောင့် မဟုတ်ရင် ငါက ဒီနေ့ တရားရုံးမှာ ရောက်နေပါ့မလား၊ ငါ့ရဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားနဲ့ တခြားသူရဲ့ သတို့သမီး ဖြစ်ပါဦးမလား"

'ကြက်သွေးရောင်ထန်းပင်'ဆိုသည့် ရှောင်ချင်းပြဇာတ်က ကဗျာအင်္လကာစာပုဒ်လေး ဖြစ်သည်။ ခုံရုံးမှာ ယောက်ျားရဲ့ မှားယွင်းစွာ စပ်စွဲမှုကိုခံရသည့် ဝမ်မိသားစုက သမီးဖြစ်သူရဲ့ အကြောင်းကို ဖော်ပြထားခြင်း ဖြစ်သည်။ ယွီရှန်းက မူးနေပေမယ့် ယောက်ျားလင် ဆိုသည့်နေရာမှာ ယောက်ျားယွီ ဆိုသည့် နာမည်ကို အစားထိုးဖို့ မမေ့ဘဲ အစ်ကိုဖြစ်သူကို ယောက်ျားလို့ သဘောထားဆက်ဆံခဲ့သည်။

ယွီဖင်ယန်က လမ်းလျှောက်ကာ ရယ်နေသည်။ ယွီဖင်ယန်က နူးညံ့သည့် မျက်နှာလေးကို လှည့်ကြည့်လိုက်တော့ 'ယောက်ျားက ကျွန်မရဲ့ ခံစားချက်တွေကို သိနေပေမယ့်လည်း မငဲ့ကွက်ခဲ့ဘူး' ဆိုသည့် အပုဒ်ကို ထပ်ခါထပ်ခါဆိုတာ ယောက်ျားဖြစ်သူရဲ့ မမျှမတ ဆက်ဆံခံရသည့် အမျိုးသမီးနေရာက ဝင်ခံစားကာ မျက်ရည်တွေ ဝဲနေသည့် ယွီရှန်းကို တွေ့လိုက်ရပြီး ခဏနေတော့ ထငိုလေသည်။

ယွီဖင်ယန်က သူ(မ)ရဲ့ စူပွပွ ဖြစ်နေသည့် နှုတ်ခမ်းကိုကြည့်ကာ ထိန်းချုပ်ထားပြီး သူ(မ)တင်ပါးကို ပုတ်ပေးကာ သြရှစွာပြောလေသည်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now