အခန်း(၁၁၆)
မဒမ်အိုကြီးက လက်ဖက်ရည်ခွက်တွေကို ရိုက်ခွဲခဲ့သည်။ ခဏလောက် တိတ်ဆိတ်သွားပြီးမှ ခက်ထန်စွာ ပြောခဲ့သည်။ "သီးသန့်ပြောကြရအောင်၊ ဒီမှာ အပြင်လူရှိနေတယ်"
အကယ်၍ သူမသာ ဒီနေ့ ရှင်းအောင်မလုပ်ပါက ရှန်ယွမ်ချီ ထွက်သွားသည့်အခါ အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ မဒမ်အိုကြီးက သူမကို ဖိအားပေးကာ တစ်ပါးသူနှင့် အိမ်ထောင်ပြုပေးလိမ့်မည်။ သူမက မြေးဖြစ်ပြီး ခြေထောက်လည်း မသန်တာကြောင့် မခုခံနိုင်ပေ။ ယွီရှန်းရဲ့ စိတ်ထဲမှာ အတွေးပေါင်းစုံ ဖြတ်ပြေးနေပြီး သူမ ဒီနေ့ ရှန်ယွမ်ချီနှင့် လိုက်သွားမှရမည်ဟု တွေးလိုက်သည်။
"အပြင်လူ" သူမက မျက်လုံးဝေ့ကြည့်ကာ မေးခဲ့သည်။ "ဘယ်က အပြင်လူရှိတာလဲ"
မဒမ်အိုကြီးက ရှန်ယွမ်ချီကို စိုက်ကြည့်တာတွေ့လိုက်တော့ သူမက အခိုင်အမာ ပြောခဲ့သည်။ "ဒါအပြင်လူ မဟုတ်ဘူး၊ ကျွန်မရဲ့ အစ်ကိုကြီးပါ"
ထိုစကားကြောင့် ရှန်ယွမ်ချီရဲ့ ဒေါသတွေက ချက်ချင်း ပျောက်သွားခဲ့သည်။
တစ်ဖက်မှာလည်း မဒမ်အိုကြီးက တင်းမာစွာ မေးခဲ့သည်။ "ဒါဘာအဓိပ္ပာယ်လဲ၊ နင်သူနဲ့ လိုက်သွားမလို့လား၊ ငါကတော့ နင့်ကို ကြိုးစားပျိုးထောင်ခဲ့ရတာ အခုတော့ ထွက်သွားဖို့ ပြောနေပြီ၊ အသိတရားမရှိတဲ့လူ... " သူမက ပြောရင်း မျက်ရည်တွေကျလာခဲ့သည်။
ယွီရှန်းလည်း မျက်ရည်တွေဝဲလာကာ ပြောခဲ့သည်။ "သမီးလည်း မသွားချင်ပါဘူး၊ အဖွားကဖိအားပေးနေတာလေ၊ အသိစိတ်မလွတ်ဘဲနေမလား၊ အဖွားက သမီးကို ပျိုးထောင်ခဲ့ပြီး မြေးချွေးမ ဖြစ်လာတော့ မကောင်းဘူးလား၊ ယွီမိသားစုရဲ့ သတို့သမီးအဖြစ် ငယ်ငယ်ကတည်းက ပျိုးထောင်ခဲ့တာ မဟုတ်ဘူးလား၊ အနာဂတ်မှာလည်း အခုလိုမျိုး အဖွားကို အလုပ်အကျွေးပြုပြီး ယုယမှာပါ၊ သမီးမှာ ဘာတွေချို့တဲ့နေလို့ လက်မထပ်စေချင်တာလဲ၊ သမီးက အိမ်မှု တာဝန်နိုင်ပြီး လှလည်းလှတယ်၊ လှပတဲ့ကိုယ်ခန္ဓာလည်းရှိတယ်၊ နည်းနည်းခေါင်းမာပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ မိသားစုကို ထောက်ပံ့တယ်၊ အို.. လက်မလျှောက်နိုင်လို့လား"