Part 73

2.2K 256 0
                                    

TYCDTN

Chapter 73

ညှင်းပန်းနှိပ်ဆက်မှုကို ညနစောင်းသည်အထိ ကြည့်ခဲ့ရသည်။ သားမိ၂ယောက်က တစ်ယောက်ကိုတစ်ယောက် အမှီပြုကာ မြေအောက်ခန်းကနေ ထွက်ခဲ့သည်။ အပြင်က သွေးနံ့ကင်းသည့်လေကို ရှူရိုက်လိုက်ရမှပဲ အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။

ယွီဖင်ယန်ရဲ့ ညှင်းပန်းနှိပ်ဆက်နည်းက ကြမ်းတမ်းကာ ကလိမ်ကကျစ်ကျသည့်နည်းဟု ပြောလို့ရပြီး သူတို့တွေ ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ သူ(မ)ရဲ့ ကိုယ်ခန္ဓာအရိုက်ခံရတာဖြစ်သော်လည်း သွေးစတွေ အသားစတွေ ပြန့်ကျဲနေပုံက သူတို့ရဲ့စိတ်ထဲမှာ စွဲထင်နေခဲ့သည်။ အခုကစပြီး ထိုမြင်ကွင်းက သူတို့ကို အိပ်မက်ထဲထိ လိုက်နှောက်ယှက်နိုင်သည့် နတ်ဆိုးဖြစ်ကာ သေခါမှ ပယ်ဖျက်နိုင်မည်ဖြစ်သည်။

လင်ရှီက ဒုန်းကတည်း ဒူးထောက်ချကာ သူ(မ)ပုံရိပ်ကို ဂရုမစိုက်ဘဲ အော်ငိုခဲ့သည်။ သူ(မ)က နောင်တရခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အာဏာမရှိသည့် ကိုယ့်ဘာသာကိုယ် မုန်းတီးခြင်းများ ခံစားနေခဲ့ရသည်။

သို့ပေမယ့် ယွီမောက်ချီကတော့ နောင်တမရသလို ကြောက်လည်းမကြောက်ပေ ဒီလောက်ဖြစ်လာမှတော့ နောင်တရပြီး ကြောက်နေတော့ ဘာလုပ်ရမှာလဲ။ သူတို့ရဲ့ ဟန်ဆောင်မှုတွေကို လူတိုင်းသိနေပြီးမှတော့ ယွီဖင်ယန်နှင့် မဒမ်အိုကြီးရဲ့ စိတ်တိုင်းကျမနေတော့ဘဲ အာဏာကြီးကာ လွှမ်းမိုးမှုကြီးသည့် ခင်ပွန်းကို မြန်မြန်ရှာယူပြီး ယွီစံအိမ်ကနေ ထွက်သွားကာ ကောင်းမွန်သည့် ဘဝမှာနေထိုင်ဖို့သာ တွေးလိုက်သည်။

အံကြိတ်ကာ လင်ရှီကို ဆွဲထူပြီး ယိုင်တိုင်တိုင်ဖြင့် ရှေ့ဆက်သွားလိုက်တော့ မီးအိမ်လေး၂ခုက ပိုနီးလာကာ ယွီရှန်းရဲ့ မျက်နှာလှလှလေး ပေါ်လာပြီး ချက်ချင်းပင် သူ(မ)ဘေးက အရာတွေက ထိန်လင်းသွားခဲ့သည်။

"အို ထွက်လာပြီလား"

ယွီရှန်းက ပါးစပ်ကို အုပ်ပြီး တခစ်ခစ်ရယ်ကာ

"အထဲမှာ ပျော်ဖို့ကောင်းလား"

သူ(မ)ကို လျစ်လျူရှုလျက် ယွီမောက်ချီက လင်ရှီကို တွဲကာ ရှေ့ဆက်သွားလိုက်သည်။ သူတို့ဖြတ်သွားတော့ ယွီရှန်းက လက်သန်းဝေ့ယမ်းပြခဲ့သည်။ သူ(မ)ရဲ့ အထင်သေးသည့်လေသံက တခြားလူရဲ့ မကျေနပ်မှုကို နိုးထစေသည်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now