Part 92

2K 216 12
                                    

92 01

အခန်း (၉၂)

ယွီရှန်းက သူမ ချုပ်တည်းထားမည်ဖြစ်ကြောင်း မဒမ်အိုကြီးကို အာမခံထားပြီး ၄ရက်၅ရက်လောက် ချုပ်တည်းထားခဲ့သည်။ ထိုရက်တွေမှာ ယွီမောက်ချီက အခန်းထဲပဲနေပြီး ဒဏ်ရာတွေကုသနေကာ အပြင်မထွက်ရဲပေ။ သူမ မျက်နှာထက်က လက်၄ချောင်းကုတ်ရာကိုမြင်တော့ လင်ရှီက တောင်ဘက်အဆောင်ကိုသွားကာ ယွီရှန်းကို ဒေါသ သကြီးသွားရှာတဲ့လမ်းမှာ ရုံးတော်က ပြန်လာသည့် ယွီဖင်ယန်နှင့် ဆုံခဲ့သဖြင့် ဒေါသတွေ ပေါက်ကွဲမရဘဲ စိတ်ပျက်စွာသာ ပြန်ခဲ့ရသည်။

ယွီရှန်းက မျိုးရိုးမြင့်အမျိုးသမီး အများစုရဲ့မုန်းတီးမှုကို ခံနေရပြီး ချန်ယာဖူက ထိုပြဿနာပြီးသည်နှင့် လူအများရဲ့ဖိတ်ကြားခြင်းခံခဲ့ရပြီး မိတ်ဆွေတွေ အများကြီးရခဲ့လေသည်။

ချန်သခင်မကြီးကတော့ အားမနေဘဲ သမီးဖြစ်သူ အိမ်ထောင်ပြုဖို့အတွက် နောက်ဆုံးတော့ နိုင်ငံခြားရေးရာဝန်ကြီးရဲ့ ညာလက်ထောက် ချီသခင်ကြီးရဲ့ သားဖြစ်သူကို ရွေးချယ်ခဲ့သည်။ သူက ယွီဖင်ယန်လောက် အာဏာ မကြီးသော်လည်း သူ့ရဲ့ရုပ်ရည်ကလည်း သင့်တော်လျောက်ပတ်ပြီး သူ့ရဲ့အရင်က စေ့စပ်ထားသည့် အမျိုးသမီးက အမည်ဖော်မရသည့် ရောဂါကြောင့် သေဆုံးသွားကာ ၊ချန်မိသားစုက အခွင့်ကောင်းဆုပ်ကိုင်လို့ရသည်။

ရက်အနည်းငယ် ကြာသည်အထိ ယွီရှန်း မလှုပ်ရှားတာကြောင့် ချန်ယာဖူရဲ့ စိုးရိမ်မှုတွေက အနည်းငယ် တည်ငြိမ်သွားခဲ့သည်။ ယွီရှန်းက နာမည်ဆိုးနဲ့ကျော်ကြားတာကြောင့် သူ အမှန်အတိုင်းပြောရင်တောင် သပုတ်လေလွင့်ပြောတယ်ဆိုပြီးလူတွေထင်မြင်ပြီး ယုံမယ့်လူရှိမှာမဟုတ်ဘူး။

ပျက်စီးခဲ့ရင်တော့ သူမမှာ ပါးစပ်ပျောက်၁၀၀ရှိရင်တောင် ရှင်းပြနိုင်မည်မဟုတ်ပေ။ ယွီဖင်ယန် ဒီဘဝ အိမ်ထောင်ပြုချင်ပါက ယွီရှန်းကို အဝေးကို နှင်လွှတ်ပစ်မှ ရမည်။ သူ့လိုခြေထောက်မသန်မစွမ်းနဲ့ ဒေါသထွက်လွယ်တဲ့လူက ယွီစံအိမ်မှာ ကပ်တွယ်ပြီး အာဏာစုပ်ယူနေတာကို ဘယ်သူက လိုချင်မှာလဲ။

ထိုသို့သောလူနှင့် လက်ထပ်ပြီးပါက အိမ်ထောင်သည်ဘဝမှာ ရက်အနည်းငယ်လောက် အေးအေးဆေးဆေး နေနိုင်ပေမယ့် တစ်ဖက်လူက အာဏာကြီးသွားပါက ယွီရှန်း သေအောင်ရိုက်နှက်ခံရမည်မလား။ တွေးကြည့်ရုံနဲ့ တကယ်ကျေနပ်ဖို့ကောင်းတာပဲ။ ချန်ယာဖူက ရထားလုံးပေါ်ထိုင်ကာ အသံထွက်ရယ်မောခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now