Part 107

1.8K 206 1
                                    


အခန်း(၁၀၇)

ဆေးပင်တွေစိုက်ပြီးနောက် ယွီရှန်းက ရေချိုးခဲ့သည်။ အိပ်ရာထက် ကိုယ်တစ်ဝက်မှီထိုင်ပြီး ရှန်ယွမ်ချီ ပေးခဲ့သည့် ကျောက်စိမ်းဆံထိုးကို ကြည့်နေခဲ့သည်။

လျိုလွီ့က သူမရဲ့ ဆံပင်အစိုကို တဘက်ဖြင့်သုတ်ပြီး ပြောခဲ့သည်။ "ဒါ ထိပ်တန်းစာသင်ပေးခဲ့တဲ့ ဆံထိုးလား၊ ဒီဆံထိုးက မှူးမတ်ကြီးပေးတဲ့ပစ္စည်းထက် မနိမ့်ကျဘူး၊ ဒါဟာ သူသခင်မလေးကို ဘယ်လောက်အလေးထားလဲဆိုတာ ဖော်ပြနေတာပဲ။"

ရယ်ပြီးနောက် ယွီရှန်းက ပြောခဲ့သည်။ "သူနဲ့ရင်းနှီးသလိုခံမိခဲ့တာကြာပြီဆိုပေမယ့် သူက ငါ့အစ်ကိုကြီး ဖြစ်နေလိမ့်မယ်လို့ မထင်မိခဲ့ဘူး၊ သူက အရမ်းချောပြီး ငါနဲ့ဆင်တူနေတာလည်း မဆန်းတော့ပါဘူး။"

လျိုလွီ့က ပြောလိုက်သည်။ "သူက သခင်မလေးထက် အများကြီး အသက်ပိုကြီးတယ်လေ၊ သခင်မလေးကမှ သူနဲ့ဆင်တူသင့်တာ မဟုတ်ဘူးလား၊ ဒါပေမဲ့လည်း မှူးမတ်ကြီးနဲ့ သခင်မလေးက ဘာမှမတော်စပ်ပေမယ့် ၁၀မှတ်မှာ၆မှတ်လောက်က ရုပ်ဆင်နေတာ ထူးဆန်းတယ်၊ တကယ့်အံ့ဖွယ်ပဲ။"

ကိုယ့်ဘာသာ အထင်ကြီးလှသော အကြည့်ဖြင့် ယွီရှန်း ကိုယ့်ပါးကို ကိုင်ခဲ့သည်။ "ယောက်ျားနဲ့မိန်းမဆိုတာ ရုပ်ချင်းဆင်တယ်လို့ ငါအရင်က မပြောခဲ့ဘူးလား။"

သူတို့နှစ်ယောက်စကားပြောနေတုန်း အပြင်က ရယ်သံကိုကြားလိုက်ရပြီးနောက် ယွီဖင်ယန်က အိပ်ခန်းက ခန်းစီးကိုမကာ ဝင်လာခဲ့သည်။ ထောင်ဟုန်က အမြန်ရှေ့သွားကာ ရွှင်ပျစွာ နှုတ်ဆက်ခဲ့သည်။ "သခင်ကြီး ပြန်လာပါပြီလား၊ ဒီအစေခံက လက်ဖက်ရည်သွားပြင်ပေးပါ့မယ်။"

သူမ ထွက်သွားမည့်အချိန်မှာပဲ ယွီဖင်ယန်က တားခဲ့သည်။ "နေဦး စောနက ဒီမှူးမတ်ကြီးကို ဘယ်လိုခေါ်လိုက်တယ်။"

ထောင်ဟုန်က အလွန်အပြစ်ကင်းသလို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ခဲ့သည်။ "သခင်ကြီး အာ ဘယ်လိုခေါ်ရမှာလဲ။"

လျိုလွီ့က မျက်နှာကိုအုပ်ကာ ညည်းညူလိုက်ပေမယ့် ယွီဖင်ယန်က ရွှင်ပျစွာရယ်ခဲ့ပြီး ရွှေချောင်းလေး ထုတ်ပေးခဲ့လေသည်။ "ဒီအစေခံရဲ့ပါးစပ်က ရွှင်ပျသားပဲ၊ ရော့ ဒါက ဆုချတာ။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now