အပိုင်း(၁၀၈)
လင်ရှီထွက်သွားပြီးနောက် ယွီရှန်းနှင့်ယွီစီးယွီ့က စံအိမ်ကို အတူတူစီမံအုပ်ချုပ်ခဲ့တာကြောင့် စံအိမ်က အရင်လို ပြန်ငြိမ်းအေးသွားခဲ့သည်။ လေ့ကျင့်ပေးသည့် မောမောလေးယောက်ကလည်း နန်းတော်ကထွက်လာတာ အချိန်ကြာပြီဖြစ်တာကြောင့် မိဖုရားကြီးရဲ့မေ့ပျောက်ခြင်းခံရမှာကို ကြောက်နေကြသည်။ ယွီမောက်ချီလည်း သူမဘာသာ သူမ အဆင်ပြေနေတာတွေ့တော့ ယွီမောက်ချီကို နေ့တိုင်းလေ့ကျင့်ပေးသည့် အမျိုးသမီးရဲ့ပညတ်ချက် အချက်၅၀၀ကို ကူးရေးပေးခဲ့ကာ အလျင်စလို ပြန်သွားခဲ့ကြသည်။
ထိုအချိန်ကတည်းက ယွီမောက်ချီက လင်ရှီဆီ သွားလည်ကြောင်းပြောပြီး အပြင်မကြာခဏ ထွက်ခဲ့သည်။ ကမောက်ကမအခြေအနေက ရုန်းထွက်နိုင်ပြီး သူမ အသားအရေက ပိုလှလာရုံသာမက မျက်လုံးတွေလည်း တောက်ပနေပြီး အထူးသဖြင့် လင်ရှီဆီက ပြန်လာတိုင်း တခြားလူတွေကို အပြုံးဖြင့်နှုတ်ဆက်သည်မှာ ရက်ပေါင်းများစွာရှိပြီဖြစ်သည်။
ယွီရှန်းက သူမကို စောင့်ကြည့်ဖို့ လူလွှတ်ထားပေမယ့် သူမက လင်ရှီနေသည့်အိမ်ကိုဝင်သွားပြီးသည့်အခါ တော်တော်နှင့် ပြန်မထွက်လာတာကြောင့် တဖြည်းဖြည်းဖြင့် စောင့်ကြည့်သည့်အရှိန်က လျော့လာခဲ့သည်။
ဒီနေ့က ရှားရှားပါးပါးနေသာသည့်နေ့ဖြစ်သည်။ နေရောင်ခြည်က လေထုရဲ့အေးစက်မှုကို ပပျောက်စေခဲ့ပြီး မက်မွန်ပန်းနံ့တွေက လေထုထဲမှာ ပြည့်နေခဲ့သည်။ ကိုယ်ဘာသာကိုယ်ဆင်ခြင်သုံးသပ်ဖို့ ရာထူးရပ်နားခံထားရသည့် ယွီဖင်ယန်က နှင်းတွေထဲက မက်မွန်ပန်းပင်ပုံကိုဆွဲနေပြီး သူရဲ့မျက်နှာချင်းဆိုင် ညောင်စောင်းထက်မှာ လဲလျောင်းနေသည့် ယွီရှန်းက သဘာဝလွန်ဝတ္ထုစာအုပ်ကိုကိုင်ကာ စိတ်ဝင်တစား ဖတ်နေခဲ့သည်။
မက်မွန်ပွင့် အနည်းငယ်ဆွဲပြီးနောက် ယွီဖင်ယန်က စိတ်ဝင်စားမှုလျော့နည်းလာကာ စာရွက်ကိုဘေးဖယ်လိုက်သည်။ ထို့နောက် သူက စာရွက်အသစ်ကိုထုတ်ယူပြီးနောက် ယွီရှန်းကို ကြည့်လိုက်သည်။