TYCDTN
Chapter 21
ရက်ပေါင်းများစွာ စဥ်းစားပြီးတာတောင်မှ မဒမ်အိုကြီးက စိတ်မဆုံးဖြတ်နိုင်တာကြောင့် ကျင့်ကော်မြို့စားစံအိမ်နှင့် လက်ထပ်ဖို့ကိစ္စကို မြေးဖြစ်သူရဲ့ဆန္ဒကိုသာ မေးဖို့ ဆုံးဖြတ်လိုက်လေသည်။
ယွီဖင်ယန်က လက်ဖက်ရည်ခွက်ကို လှုပ်ခတ်ကစားကာ အေးတိအေးစက်ဖြင့် ပြောလေသည်
"အဖွား ဒီမြေး ငယ်ငယ်တုန်းက ချန်ယာဖူကို လက်ထပ်ခွင့််တောင်းခဲ့တာကို သတိမထားမိဘူးလား"
မဒမ်အိုကြီးက ရှေ့တိုးလာကာ မေးလေသည်
"သူက ဘာပြန်ပြောလဲ"
"မှူးမတ်ကြီးထပ်ဖြစ်လာမှ သူ့ကိုထပ်ပြီး လက်ထပ်ခွင့်တောင်းဖို့ပြောတယ်"
အကြံအစည်ကို ရှာတွေ့သွားခဲ့သလိုမျိုး ယွီဖင်ယန်က ရယ်လေသည်။
မဒမ်အိုကြီးကတော့ မရယ်နိုင်ခဲ့ပေ။ ဒီလောက် တစ်ကိုယ်ကောင်းဆန်တဲ့စကားကိုကြားခဲ့တုန်းက မြေးလေး ဘယ်လောက်တောင် ခံစားခဲ့ရမလဲ။ အဖေဖြစ်သူကသေသွားပြီး အမေဖြစ်သူကလည်း ပစ်ပယ်ထားကာ ဆွေးမျိုးတွေကပါ သူ့အသက်ကို လိုချင်နေတဲ့အချိန်ကြီးမှာ အေးအတူပူအမျှ ကျော်ဖြတ်ရမယ့်စေ့စပ်ထားတဲ့မိန်းမကလည်း အေးစက်စွာ ပစ်ပယ်ထားကာ နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ တစ်ကိုယ်တည်း ကူးခတ်စေခဲ့တယ်။
ဒီနေ့ ဒီအချိန် ဒီနေရာထိရောက်အောင် သူဘာတွေပေးဆပ်ခဲ့ရလဲ။
မဒမ်အိုကြီးက သူ(မ)နှလုံးသားကိုဓားဖြင့်အကြိမ်များစွာ ထိုးနက်နေသလို နာကျင်မှုက တစ်ကိုယ်လုံး လွှမ်းမိုးနေသလို ခံစားနေရသည်။
"အဖွား ဘာဖြစ်တာလဲ၊ ကျွန်တော် အဆင်ပြေပါတယ်"
ယွီဖင်ယန်က လက်ဖက်ရည်ခွက်ကို ချလိုက်လေသည်။ သူက အဖွားဖြစ်သူရဲ့ တုန်ယင်နေသည့် ပုခုံးကိုပုတ်ကာ ပြုံးလျက်ပြောလေသည်
"အခု ကျွန်တော် မှူးမတ်ကြီးဖြစ်နေပြီ ဒီလိုကိစ္စကို ထပ်တောင်းဆိုဖို့လည်း ဆန္ဒမရှိဘူး၊ အဖွား စိတ်တိုင်းကျသာ လုပ်လိုက်ပါတော့"