TYCDTN
Chapter 26
အိပ်မက်ဆိုးမက်ပြီး ကြောက်လန့်စွာ နိုးလာကတည်းက ယွီရှန်က ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ နေ့နေ့ညည ရှိခိုးပူဇော်နေတာကြောင့် မဒမ်အိုကြီးက ဘဝက ပိုခက်ခဲလာပြီဟု ခံစားလိုက်ရသည်။ မနက်မိုးလင်းလို့ မျက်လုံးပွင့်တာနှင့် အနောက်မြောက်စစ်မြေပြင်က အကြောင်းကြားစာရလား မှူးမတ်ကြီး စာပို့လားဟုသာ မေးတတ်သည်။
သူတို့တွေလည်း ခေါင်းခါယမ်းပြရုံကလွဲရင် ဘာမှမတတ်နိုင်ခဲ့ပေ။
မဒမ်အိုကြီးက သူ(မ)မက်ခဲ့သည့် အိပ်မက်အကြောင်းမေးတိုင်း ယွီရှန်းက ရင်ဘတ်ကို လက်ဖြင့်ဖိကာ နာနာကျင်ကျင် အော်ငိုတတ်သည်။ ယွီရှန်းရဲ့ စိတ်သောကရောက်နေသည့် ဟန်ပန်က တကယ်လား ဟန်ဆောင်တာလားဆိုတာ မဒမ်အိုကြီးလည်း ခွဲမရဘဲ သမားတော်သာ ပင့်ခေါ်ပေးခဲ့ရသည်။
ဒီလိုနဲ့ပဲ လဝက်လောက် ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတော့ ကံကြမ္မာဟောပေးသည့် ခရီးကပြန်လာသည့် ကျန့်ကော်ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီး ခူဟိုင်ဆီ အာရုံရောက်သွားခဲ့သည်။ အနည်းဆုံးတော့ ၃ရက်ကနေ၅ရက်နှင့် အများဆုံး၁၀ရက်သာနေပြီး ထျန်းကျူမြို့ကို ကျင့်စဥ်တိုးတက်ဖို့အတွက် ပြန်မည်ဖြစ်သည်။
ဘုန်းတော်ကြီး ခူဟိုင်က ဟန်မင်းဆက်ရဲ့ နာမည်ကြီးဖြစ်သည်။ လွန်ခဲ့သည့်နှစ်၇၀က ဘုရင်ကြီး ရှန့်ကျူက ထောင်ချီတဲ့ မှူးမတ်အိမ်တော်တွေထဲက မှူးမတ်တစ်ယောက် ဖြစ်သည်။ သူက ကွမ်ကျီ့ဘုရားကျောင်းမှာ 'ဧကရာဇ်တုတ်ချောင်း'ကို ဆွဲထုတ်မိခဲ့ပြီး ဘုန်းတော်ကြီး ခူဟိုင်နှင့် စကားပြောဖြစ်ခဲ့သည်။ သူမပြန်ခင် ဘုန်းတော်ကြီး ခူဟိုင်က 'နဂါးကြီးက ကောင်းကင်ဘုံ၉ခုကို ခရီးလှည့်လှည်ပြီး တိုက်ကြီး၅တိုက်ကို လှည့်လည်လိမ့်မယ်' ဟူသောစာ၂ကြောင်းပါသည့် မြက်တစ်ပင်ပေးခဲ့သည်။
ကဗျာကတော့ သိပ်မကောင်းပေမယ့် စကားလုံးတွေက မင်္ဂလာရှိသည်။ ဘုရင်ကြီး ရှန့်ကျူက သူ ဘုရင်ဖြစ်တဲ့နေ့အထိ အခန်းထဲမှာ ထိုပစ္စည်းကို ဘောင်သွင်းကာ သိမ်းထားပြီး နောက်တော့ နားလည်သွားခဲ့သည်။ သူအစတုန်းက ဘုန်းတော်ကြီး ခူဟိုင်ကို မေးခဲ့ပေမယ့် ဘုန်းတော်ကြီးခူဟိုင်က ကောင်းကင်နဲ့မြေကြီးကို လေးစားသောအားဖြင့် မပြောပြခဲ့ပေ။ သာမာန် မှူးမတ်ငယ်လေးက နှစ်အနည်းငယ် ကြာပြီးနောက် ဘုရင်ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှမထင်ခဲ့ပေ။