Part 119

1.3K 175 2
                                    


အပိုင်း(၁၁၉)

မှူးမတ်စံအိမ်က ကမောက်ကမ ဖြစ်နေသည်။ နန်းတွင်း စစ်သားတွေနှင့် အရာရှိတွေရဲ့ မျက်နှာထက်မှာ လေးစားမှုတို့ရှိမနေပေ။ ထိုအစား မလိုမုန်းထားသည့် အမူအရာတွေသာရှိနေသည်။ သူတို့က နေရာတစ်ခုကို အလောတကြီးသွားနေခဲ့သည်။ ယွီရှန်းလည်း အနောက်ကနေ လိုက်ခဲ့တော့ နဂါးကြေးခွံဝတ်တပ်က ယွီဖင်ယန်ရဲ့ စာဖတ်ခန်းထဲက ထွက်လာတာကို တွေ့လိုက်ရသည်။ သူက သေတ္တာတစ်လုံးကို ကိုင်ထားကာ အော်ဟစ်ခဲ့သည်။ "အပြစ်ရှိတပ်မှူး ယွီဖင်ယန်က အနောက်ပိုင်းနယ်စပ်က လူရိုင်းတွေနဲ့ပေါင်းပြီး ထီးနန်းသိမ်းဖို့ ကြံနေပါတယ်၊ အခု လက်ထဲမှာ သက်သေရှိနေပြီ အကုန်လုံးကိုဖမ်းကြစမ်း"

အနောက်ပိုင်းနယ်စပ်က လူရိုင်းတွေရဲ့ပူးပေါင်းပြီး ထီးနန်းသိမ်းဖို့ လျှို့ဝှက်ကြံစည်တယ် ဟုတ်လား။ အစ်ကိုကြီးက လူရိုင်းရဲ့မြှားချက်နဲ့ မြစ်ထဲကျသွားတာလေ။ သေလား ရှင်လားတောင် မသိနိုင်တဲ့အခြေအနေမှာ ဒါက ဖြစ်နိုင်ပါ့မလား။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကိုက်ညီတဲ့ ဆင်ခြေရှာလိုက်။

ယွီရှန်းက ရှေ့တိုးသွားခဲ့ပြီး သေတ္တာကို လုလိုက်သည်။ သို့ပေမယ့် သူမ နဂါးကြေးခွံဝတ်တပ်သားတွေကို ထိလိုက်သည်နှင့် သူတို့က မီးခိုးအဖြစ်ပြောင်းသွားကာ လေထဲပျောက်ကွယ်သွားခဲ့သည်။ လေထုထဲမှာ မြူတွေဆိုင်းလာပြီး သူမက အိမ်ရှေ့စံရဲ့ နန်းဆောင်ကို ရောက်သွားခဲ့ပြန်သည်။

ထိုနန်းဆောင်မှာလည်း တူညီသည့် ကမောက်ကမ ဖြစ်စဥ်တွေဖြစ်နေသည်။ နဂါးကြေးခွံဝတ်တပ်သားတွေက အိမ်ရှေ့စံရဲ့ စာဖတ်ခန်းကို ဝိုင်းထားကြသည်။ ခဏနေတော့ အိမ်ရှေ့စံက တင်းမာသည့် မျက်နှာထားဖြင့် ထွက်လာခဲ့သည်။ နဂါးကြေးခွံဝတ်တပ်သား နှစ်ယောက်က ဓားတွေ၊ လှံတွေကိုင်ကာ သူ့နောက်မှာ ရပ်စောင့်နေကြသည်။ သူတို့နောက်မှာ ယွီဖင်ယန် အားအကိုးရဆုံး နဂါးကြေးခွံဝတ်တပ်သားရဲ့ တပ်မှူးကြီးရဲ့ လက်ထောက် အောင်းဖင် ပါသည်။ သူက နဂါးပုံဝတ်ရုံကိုကိုင်ကာ ကျယ်လောင်စွာ ကြေငြာခဲ့သည်။ "အိမ်ရှေ့စံက နဂါးဝတ်ရုံကိုသုံးပြီး ပုန်ကန်ဖို့ ကြံစည်နေခဲ့တယ်၊ သူ့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားကြစမ်း"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now