TYCDTN
Chapter 29
၂နှစ်ကြာပြီးနောက်
ရထားလုံးလေးက လမ်းမထက်တွင် ပြေးလွှားနေပြီး မြင်းဟီးသံတောင် တုန်ခါနေသည်။ မြင်းရထားသမားက ကြာပွတ်ကိုဝေ့ယမ်းကာ ဆဲဆိုလေသည်
"ဘယ်ကစောက်ကန်းလဲ၊ အကောင်းကြီးကနေ ငါ့မြင်းလှည်းဘီးအောက်ကို ဝင်လာနေတယ်၊ ငွေညှစ်ချင်တာလား၊ ဒါဘယ်သူ့ ရထားလုံးလဲဆိုတာ ကြည့်ဦး ဝင်မရှုပ်သင့်တဲ့လူနော်"
တစ်ဖက်ကလူက မြေပြင်တွင် လဲလျောင်းနေဆဲဖြစ်ကာ မတုံ့ပြန်ခဲ့ပေ။ သူ့ရဲ့ဘယ်ဖက်လက်ကိုမြှောက်ကာ နဖူးထက်တင်ပြီး နေရောင်ခြည်ကို ကာထားလိုက်သည်။
မြင်းရထားသမားက အော်ဟစ်လေသည်
"ဘာလို့ ဆက်လဲနေသေးတာလဲ၊ မြန်မြန်ထစမ်း မဟုတ်ရင် မြင်းတက်နင်းတာ ခံရလိမ့်မယ်"
လူတွေက ကြမ်းတမ်းသည့် မြင်းရထားသမားကို ရပ်ကြည့်နေကြသည်။
ရုတ်တရက်ကြီး ရထားလုံးရဲ့လိုက်ကာ ပွင့်လာပြီး လှပသည့် မိန်းမပျိုလေးက ငွေချောင်းတစ်ချောင်း ကိုင်ထားကာ
"ဒီမှာငွေချောင်း ဒါကိုယူပြီး မြန်မြန်ထွက်သွားလိုက်တော့၊ အချိန်တွေ လာဖြုန်းမနေနဲ့"
ထို့နောက် တစ်ဖက်က လူက ယိုင်တိုင်တင်ထလာကော ချောမောသည့် မျက်နှာကို ပင့်ချီလိုက်သည်။ တိကျပြတ်သားသည့် မျက်ခုံးတစ်စုံ၊ ဖီးနစ်လိုမျက်ဝန်းရှည်ရှည်လေးနှင့် နက်မှောင်သည့် မျက်အိမ်က လူတွေရဲ့ စိတ်ဝိဉာဥ်ကို ဆွဲဆောင်နိုင်သည်။ အနာအဆာ ကင်းမဲ့သည့် မျက်နှာထားက တူမတူအောင် ချောမောသည်။ သူက ခါးငုံ့ကိုင်းကာ နွေးထွေးသည့်အသံဖြင့် ပြောလေသည်
"ဒီဖက်က သခင်မလေး ကျွန်တော်က ငွေညှစ်တာမဟုတ်ပါဘူး.. "
မိန်းမပျိုလေးက နှာမှုတ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြတ်ပြောလေသည်
"မဟုတ်ဘူးလား ငွေညှစ်တာ မဟုတ်ဘူးဆိုတော့ သေကြောင်းကြံတာလား၊ ဘာကြောင့်လဲ၊ ဒီပိုက်ဆံကိုယူလိုက် ဒါဆိုရင် အခက်အခဲတွေကို ဖြေရှင်းလို့ရတယ် သဘောပေါက်လား"