Part 67

1.7K 219 1
                                    

TYCDTN

Chapter 67

မဒမ်အိုကြီးက မျက်လုံးမှိတ်ကာ ညောင်စောင်းထက်တွင် လဲလျောင်းနေသည်။ သူ(မ)က နားထင်ကို လက်ဖြင့် ဖိထားတာ အသံတိတ်နေတာကြောင့် ခေါင်းကိုက်နေတာ သေချာသည်။ ဖန်းမိသားစုက ရုတ်ရုတ်သဲသဲ အကြီးအကျယ် လုပ်နေပြီး တားလို့ကို မရပေ။ စာသင်သား မိသားစုအဖြစ် လီ့မိသားစုက ထင်ရှားကျော်ကြားသည်။ မိသားစုနာမည် ဂုဏ်သိက္ခာကို အလေးအထားဆုံး ဖြစ်တာကြောင့် လက်ထပ်ပွဲကို ဖျက်သိမ်းခဲ့သည်။ အလွယ်ဆုံး ဖြေရှင်းနည်းက ယွီစီးယွီ့ကို အိမ်ထောင်ပြုပေးလိုက်ပြီး မြို့တော်က ထွက်သွားခိုင်းလိုက်တာ ဖြစ်သည်။

သို့ပေမယ့် သူဟာလည်း မြေးမအရင်း ဖြစ်တာကြောင့် မီးပုံချောက်နက်မှန်း သိရက်သားနဲ့ မတွန်းပို့ရက်ပေ။ မဒမ်အိုကြီးက စိတ်မဆုံးဖြတ်နိုင်ပေ။ ယန်အာပြန်လာတာကို စောင့်ရမယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ ယန်အာက နည်းလမ်းရှာလိမ့်မယ်။ ထိုသို့တွေးလိုက်တော့ သူ(မ) အမူအရာက စိတ်သက်သာရာ ရသွားလေသည်။

ယွီမောက်ချီက မဒမ်အိုကြီးရဲ့အမူအရာကို အနီးကပ်လေ့လာနေသည်။ သူ(မ)က အလျှော့ပေးတော့မည့်အချိန်မှာပဲ လင်ရှီက ထပြောလေသည်။

လင်ရှီက ယွီရှန်းကို ဆူပူပြီး ကယောင်ကတမ်း ဖြစ်နေသော ယွီစီးယွီ့ကို အစေခံတစ်ယောက်ဖြင့် ပြန်ပို့ခိုင်းလိုက်သည်။ ထို့နောက် သူ(မ)က မိခင်ကောင်းအသွင် ဖမ်းကာ ပြောလေသည်

"အမေ ဒီကိစ္စတွေက တော်တော် ပြန့်နေပြီ၊ ဒီသားအမိကို မြန်မြန်ချွေးသိပ်ဖို့ လူလွှတ်လိုက်တာ ပိုကောင်းပါတယ်၊ သူတို့က ယွီစီးယွီ့မှာရှိတဲ့ ပစ္စည်းအနည်းငယ်ကို တပ်မက်နေတာ မလား၊ ဝေါယာဉ်ပေါ် ရာချီတဲ့ရွှေငွေတွေ ပေးပြီး ဒီက ထွက်သွားခိုင်းလိုက်ရင် ရပြီလေ၊ အမေ ဘာတွေ တွေးနေတာလဲ၊ သူတို့မြို့တော်ထဲရှိသရွေ့ ကျွန်မတို့ရဲ့မှူးမတ်စံအိမ်က အေးချမ်းမှာ မဟုတ်ဘူး လူတွေကလည်း ကျွန်မတို့ကို စောင့်ကြည့်နေပြီး နောက်ကွယ်မှာ လှောင်ပြောင် နေလိမ့််မယ်"

သူ(မ)ရဲ့စကားတွေဖြင့် မဒမ်အိုကြီးက ဆွဲဆောင်ခံနေသည်။ မြေးဖြစ်သူက နဂိုကတည်းက အလုပ်များနေပြီ ဖြစ်ကြောင်း တွေးလိုက်သည်။ ဒီလိုမိသားစုအရေးကိစ္စက မြေးဖြစ်သူကို ဖြေရှင်းခိုင်းရမည့်အစား သူ(မ) ဖြေရှင်းသင့်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now