Part 64

1.9K 244 4
                                    

TYCDTN

Chapter 64

မဒမ်အိုကြီးက လင်ရှီကို မကျေနပ်သော်လည်း တကယ်တော့ စိတ်ထဲမထားပေ။ လင်ရှီသာ သူ(မ) အဆောင်ကိုလာပြီး ပြဿနာမရှာပါက စကားလုံးကြမ်းကြမ်းဖြင့် အပြစ်တင်မည်မဟုတ်ပေ။

လင်ရှီ ပြန်သွားပြီးနောက် သူ(မ)က ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကာ မဒမ်အိုကြီးကို ကြောက်ရွံ့နေသည်။ ထို့နောက် သူ(မ)ရဲ့ လုပ်ရပ်က မဒမ်အိုကြီးကို ဆန့်ကျင်မှန်း သိသွားခဲ့သည်။ သူ(မ)သာ အမှားလုပ်မိပါက မဒမ်အိုကြီးက အရင်လို သည်းခံမည်မဟုတ်တော့ပေ။ သူ(မ)ကို စွန့်ပစ်ကြောင်း စာရေးကာ ကန်ထုတ်ပစ်လိမ့်မည်။

မှူးမတ်စံအိမ်ကနေ ထွက်သွားရတဲ့အချိန်ကျရင် ဘယ်ကို သွားရမှာလဲ။ မောင်ငယ်လေးက မယုံစားရသလို ကိုယ်လုပ်တော်က မွေးသည့်အစ်ကိုဖြစ်သူနဲ့လည်း ဆက်ဆံရေး မကောင်းတာကြောင့် ပစ္စည်းတွေ ပိုင်ဆိုင်မှုများသည့် အမျိုးသမီးတစ်ယောက်ကို ချည်းကပ်သလို သူများတွေ ကျွေးတာသာ စားသောက် နေထိုင်နိုင်သည်။

သို့ပေမယ့် သမီးဖြစ်သူကို မယုံရဲပေ။ သူ(မ)က သမီးဖြစ်သူ အမှားလေးတစ်ခုတောင် မလုပ်မိအောင် မဒမ်အိုကြီးနှင့်ယွီဖင်ယန် မျက်စိကျအောင်နေဖို့ အလောတကြီး တိုက်တွန်းခဲ့သည်။

အစပိုင်းတုန်းက ယွီမောက်ချီက အေးအေးဆေးဆေး သဘောတူခဲ့ပေမယ့် နေ့တိုင်းကြီး သတိပေးခံနေရတော့ သည်းမခံနိုင်တော့ပေ။ ရှန်ယွမ်ချီကို စုံစမ်းဖို့ လွှတ်လိုက်တဲ့လူကလည်း ရှန်ယွမ်ချီက လင်နန်ကလို့ ရေးပြထားသည်။ သူ့ရဲ့မိဘတွေ သေဆုံးသွားတာကြောင့် ရွှယ်မိသားစုက မွေးစားသားအဖြစ် မွေးထားခဲ့သည်။ ကျွန်အဖြစ် ရောင်းချခံရသည့် သတင်း မရရှိသော်လည်း ထိုလူရဲ့ ပုံတူပန်းချီကို ပူးတွဲတင်ပြထားသည်။

ယွီမောက်ချီက ပုံတူပန်းချီကို ဖြန့်ကြည့်လိုက်တော့ ကြောက်လွန်းလို့ မျက်နှာကြီး ဖြူဖတ်သွားခဲ့သည်။ အရိုးပြာဖြစ်သွားရင်တောင် ဒီမျက်နှာကြီးကို သူ(မ) မှတ်မိသည်။ ဒါက ရှန်မိသားစုက တရားဝင်သားကြီး ရှန်ယွမ်ချီ မလား။ အရာအားလုံး ဆုံးရှုံးပြီးမှ အရမ်းကံကောင်းလာတာပဲ။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now