TYCDTN
Chapter 19
မြစ်ကမ်းဘေးမှာ မြစ်ထဲကို မီးပုံးလွှတ်နေသည့် လူတွေအများကြီးရှိပြီး ချုံးအာက လူစိမ်းတွေကိုကြောက်တာကိုသိတော့ ယွီရှန်းက ချောင်ကျသည့် ထောင့်လေးကို ခေါ်သွားခဲ့သည်။
မြစ်ရေတစ်ခုလုံးက ကြာပန်းတွေလို မီးပုံးလေးတွေပြည့်နေလေသည်။ ပန်းနုရောင်မီးလေးတွေက ရေပြင်ပေါ်မှာလင်းထနေကာ စိတ်ကူးထဲကလို လှပနေပြီး ကောင်းကင်က ကြယ်အစုတွေ ကြွေကျနေတာနှင့် ဆင်တူသည်။ ခြင်နှင့်ပိုးကောင်လေးတွေက အတောင်တွေခတ်ကာ မီးပုံးအပေါ်နားပျံဝဲနေပြီး ရေထဲက ငါးတွေထွက်လာစားအောင် ဆွဲဆောင်နေလေသည်။
မီးပုံးတွေ၊ ကြယ်တွေ၊ မြစ်ရေပြင်ကြီး တွေကို စင်ကြယ်သည့်လူတွေက ရှုစားနေကြသည်။ မစင်ကြယ်သည့်လူတွေကတော့ မြစ်ထဲမှာငါးထောင်ဖမ်းတာကမှ ထိုမီးပုံစတွေထက်လှသည်ဟု ခံစားရနိုင်သည်။
ယွီရှန်းနှင့်ချုံးအားကတော့ ရှီဟယ်ဥယျာဥ်ထဲက မစင်ကြယ်သည့်လူတွေဖြစ်သည်။
မြစ်ရေထဲကနေ ငါးအကြီးတွေတက်လာတာနှင့် ရေပြန်မကျခင်ကို ကောက်ဖမ်းကြလေသည်။
ချုံးအာလေးက အလွန်ပျော်ရွှင်ဟန်ဖြင့် လက်ခုပ်လက်ဝါးတွေတီးနေသည်။
ယွီရှန်းက သူ(မ)ကိုတို့ကာ တီးတိုးပြောလေသည်
"ဒီငါးကြီးက အနည်းဆုံး၂ပေါင်လောက်ရှိတယ် ဒီသန့်ရှင်းတဲ့မြစ်ထဲမှာ ကြီးထွားလာတာမလို့ အရသာကတော့တော်တော်ကောင်းလောက်တယ်၊ ဟင်းရည်ချက်စားလိုက်ရင် တော်တော်ကောင်းမှာ"
ယွီရှန်းက ဗိုက်ကိုပွတ်လိုက်ပြီး သက်ပြင်းချကာ
"နည်းနည်းတောင် ဗိုက်ဆာလာပြီ"
အစားသရဲလေး ချုံးအာကလည်း အခိုင်အမာထောက်ခံလေသည်
"သမီးလည်းဗိုက်ဆာတယ်"
သခင်မလေးက တစ်ခါမှ ဒီလောက်ထိပျော်ပျော်ရွှင်ရွှင် မဆော့ဖူးတာမလို့ အစေခံအိုကြီးက ပြုံးကာ ဝင်ပြောလေသည်
"သခင်မလေးတို့၂ယောက် ခဏစောင့်ပါဦး၊ ဒီအစေခံအိုကြီးက စားစရာ သွားယူပေးပါ့မယ်"