Part 66

1.9K 238 1
                                    

66 01

TYCDTN

Chapter 66

ယွီစီးယွီ့ လက်ထပ်ဖို့လိုရွေးတာ ၈ရက် အချိန်ယူခဲ့ရပြီး ထိုလူက မဒမ်အိုကြီးရဲ့ ယောက်မကြီးရဲ့ အစ်ကိုကြီးရဲ့ တူမြေး ဖြစ်သည်။ ဆွေးမျိုးအားဖြင့် ဝေးကွာသော်လည်း ရင်းနှီးမှုတော့ ရှိကြသည်။

ထိုလူက အသက်၂၀သာ ရှိသေးပြီး တော်ဝင်စာမေးပွဲမှာ ၂ကြိမ် ဝင်ဖြေခဲ့သော်လည်း ၂ကြိမ်လုံး ကျခဲ့သည်။ သို့ပေမယ့် ထိုလူက အလွန်ချောမောကာ ရည်မွန်ပြီး သူ့အဖေက ပညာရေးအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သည်။

ထိုလူက ဒုတိယနဲ့ အရည်အချင်း ဘိတ်ဆုံးရှိသူ ဖြစ်ပြီး ဆွေးမျိုးတော်စပ်မှုမရှိပါက မဒမ်အိုကြီးက သူ့ကို ထည့်စဥ်းစားမည် မဟုတ်ပေ။ သူက အရည်အချင်း မရှိသော်လည်း ရုပ်ချောတာကြောင့် ယွီစီးယွီ့က သူ့ကို ရွေးလိုက်ခြင်း ဖြစ်သည်။ နောင်တ မရမည့်လမ်းကို လျှောက်ရမှာ ဖြစ်တာကြောင့် ယွီစီးယွီ့၏ အမြင့်မှန်းသည့်စိတ်က ကျရှုံးသွားခဲ့သည်။

မဒမ်အိုကြီးက သူ(မ)ကို သေသေချာချာ ကြည့်ပြီးနောက် စာအုပ်ပြန်ယူကာ သက်ပြင်းရှည်ကြီး ချလျက် ပြောလေသည်

"ကောင်းပြီ နင်က သူ့ကိုရွေးလိုက်တယ်ဆိုတော့လည်း ငါ လူလွှတ်ပြီး မင်္ဂလာပွဲအတွက် ဆွေးနွေးခိုင်းပေးမယ်"

ယွီရှန်းက မဒမ်အိုကြီးနား ကပ်လိုက်ကာ စာရွက်တွေ လှန်ရင်း ပြောလေသည်။

"ဒီလူက မကောင်းဘူး ကြာလာရင် သူ့မှာ ကိုယ်လုပ်တော်တွေ အများကြီး ရှိလာနိုင်တယ်၊ ပြီးတော့ ယွီစီးယွီ့ရဲ့ခေါင်းမာပုံနဲ့ သူတို့သတ်တာ ခံရလိမ့််မယ်၊ ဒါလေး ကောင်းတယ်၊ သူက အသက်ကြီးပြီး မိသားစုနောက်ခံ နိမ့်ကျပေမယ့် မိသားစုထဲမှာ ကိုယ်လုပ်တော် မပြောနဲ့ တုံးဖန်တောင် မရှိဘူး၊ ၄နှစ်အတွင်း မြို့တော်က ရာဇဝတ်တရားသူကြီးရုံးရဲ့ မော်ကွန်းထိန်းရာထူးကို ကိုယ့်အစွမ်းအစနဲ့ကိုယ် ရခဲ့တာ၊ သူက ယုံကြည်ရတဲ့လူပဲ"

"အဆင့်၆ရာဇဝတ်တရားသူကြီး၊ ညီမလေးသေဘာကျရင် ဘာလို့ သူ့ကိုမယူတာလဲ"

ယွီစီးယွီ့က ခနဲ့လေသည်။

ယွီရှန်းက သူ(မ)ကို ကြည့်ခဲ့ပြီး အဖတ်လုပ်မနေပေ။ သို့ပေမယ့် မဒမ်အိုကြီးက စိတ်တိုသွားကာ စားပွဲကိုရိုက်ချကာ ပြောလေသည်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now