Part 93

1.5K 189 6
                                    

93 01

အခန်း (၉၃)

ကျင့်ကော်မြို့စား စံအိမ်ရှေ့မှာ ယွီရှန်းလုပ်ခဲ့သည့် သောင်းကျန်းမှုကြီးကို လူတိုင်း သိသွားခဲ့သည်။ သူမက အသေးစိတ်မပြောသော်လည်း 'ဘယ်ဖက်နို့နားကမှဲ့နီ'၊ 'အဝတ်အစားချွတ်တာ၊ တင်ပါးပေါ်တာ'၊ 'အထိန်းအချုပ်မရှိ ဘောင်ကျော်တာ' စသည့်စကားဖြင့် လူတွေက ခန့်မှန်းကြည့်နိုင်သည်။

သက်သေမရှိဘဲ ယွီရှန်းက ဒီလောက်လက်လွတ်စပယ်ပြောရဲပါ့မလား။ ချန်ယာဖူ လက်ထပ်ပွဲ ရုတ်သိမ်းခဲ့တာက ရုပ်ရင့်ကြမ်းတမ်းသည့် ယောက်မကို သည်းမခံနိုင်လို့ မဟုတ်ဘဲ မှူးမတ်စံအိမ်က ချုပ်ကိုင်ထားသည့် သက်သေတစ်ခုခု ရှိလို့ဖြစ်နိုင်သည်။ အမျိုးသားတွေ မပြောနှင့် အိမ်ထောင်စုမျိုးစုံက မျိုးနွယ်စုခေါင်းဆောင် အမျိုးသမီးတွေပင် ချန်မိသားစုက အမျိုးသမီးတွေနဲ့ ဝေးဝေးရှောင်သွားပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ချန်ယာဖူနှင့် ရင်းနှီးခဲ့ကြသည် မျိုးရိုးမြင့် အမျိုးသမီးလေးတွေပင် လူတွေနှင့် မျက်နှာချင်းဆိုင်ဖို့ အလွန်ရှက်နေကြသည်။

ဖန့်သခင်မကြီးရဲ့ မွေးနေ့ပွဲမှာ ယွီမောက်ချီက ချန်ယာဖူကို နှစ်သိမ့်ပေးပြီး သူတို့ ယွီရှန်းကို အမည်ဖျက်အောင် ချန်ယာဖူရဲ့ဂုဏ်သတင်း အဖတ်ဆယ်ရအောင် လိမ်လည်လှည့်စားတာကို တွေးလိုက်တော့ အဆုတ်တွေပေါက်ကွဲမတတ် ဒေါသထွက်ခဲ့ရသည်။

ဒီယွီမောက်ချီက ဘာလဲ။ ကိုယ့်ညီမအရင်းကိုတောင် ဒီလိုပြန်လုပ်ကြံပြီး လူတိုင်းကို အရူးလိုဆက်ဆံနေတာလား။ အဓိက အချက်ကိုတွေးမိသွားတော့ မျိုးရိုးမြင့် အမျိုးသမီးလေးတွေက ယွီမောက်ချီကို ရိုးတွင်းချည်ဆီထဲထိ မုန်းသွားကာ လူစုလူဝေးပွဲတော်တွေမှာ သူမကို အဖတ်မလုပ်ဘဲ ဖယ်ချန်ထားခဲ့သည်။

ချန်ယာဖူ ဒီတစ်ခါတော့ တကယ်ဆွဲကြိုးချသတ်သေချင်သွားခဲ့သည်။ 'နင်သူများကို မျက်နှာချင်းဆိုင်ရမှာ ရှက်လွန်းပြီး သေသွားဦးမယ်' ဟူသော ယွီရှန်းရဲ့ စကားကိုပဲ ပြန်တွေးနေမိပြီး ခွေးခြေခုံပေါ်မှာ တစ်နာရီကျော်ကြာလောက် ရပ်နေပြီးနောက် အရှုံးပေးလိုက်လေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now