82 01
TYCDTN
Chapter 82
လူအုပ်ကြီးပြန်သွားပြီးနောက် မဒမ်အိုကြီးက အိပ်မရတော့ပေ။ သူ(မ)က ညောင်စောင်းထက်မှာထိုင်ကာ ဘုရားစာရွတ်နေခဲ့သည်။
လင်ရှီနှင့် ယွီမောက်ချီကလည်း သတင်းကို စောင့်ဆိုင်းနေခဲ့သည်။ လေအဝှေ့ကြောင့် ဖယောင်းတိုင်မီးလေး မှိန်သွားတော့ နံရံပေါ်က လူရိပ်တွေဟာလည်း မှိန်သွားပြီး အခန်းတစ်ခုလုံးကို မကောင်းသည့်နိမိတ် မကောင်းဆိုးဝါးတွေ ကြီးစိုးနေဟန်နှင့်တူနေသည်။
ကောင်းကင်ကိုကြည့်ဖို့ မျက်လုံးဖွင့်လိုက်ပြီး မဒမ်အိုကြီးရဲ့ မျက်နှာတွင် အရေပြားတွန့်ရာများ အများအပြားရှိနေသည်။
ပျာယာခတ်နေစွာဖြင့် လင်ရှီက အထစ်ထစ် အငေါ့ငေါ့ ပြောလေသည်။
"အမေ ညလယ်ခေါင်ကြီးမှ အိမ်ရှေ့စံက သူတို့ကို ဘာလို့ရှာတာလဲ၊ ယန်အာကို ခေါ်တာက ပြဿနာမရှိပေမယ့် ဘာလို့ ရှန်းအာကိုပါ ခေါ်တာလဲ၊ ပြဿနာ အကြီးကြီး ရှိပြီး အိမ်ရှေ့စံ မရှင်းနိုင်လို့လား"
သူ(မ)ကို စိုက်ကြည့်ကာ မဒမ်အိုကြီးက မာဆတ်ဆတ် ပြောလေသည်
"ပါးစပ်ပိတ်ပြီး ကလေးတွေ ပြန်လာတာကို စောင့်နေလိုက်"
ယွီမောက်ချီရဲ့ မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ အိမ်ရှေ့စံ မင်းသမီးတစ်ခုခု ဖြစ်နေတာ သေချာပြီး အဲဒါကလည်း ယွီရှန်းနဲ့ ပတ်သက်နေပုံရတယ်။ မဟုတ်ရင် ညလယ်ခေါင်ကြီး အခေါ်တော်လွှတ်ပါ့မလား။ အဆိပ်များ ထပ်မိနေတာလား။
ထိုသို့ တွေးလိုက်ပြီးနောက် သူ(မ)က ပါးစပ်ကို လက်ကိုင်ပဝါဖြင့်အုပ်ကာ ပြုံးလိုက်လေသည်။
****
နန်းတွင်းအစောင့် ခေါင်းဆောင်ကို ယွီဖင်ယန်နှင့် ယွီရှန်းကို အိမ်ရှေ့စံမင်းသမီးရဲ့ အခန်းတံခါးအပြင်ဆီ တိုက်ရိုက်ခေါ်သွားခဲ့သည်။ တံခါးအပြင်ဘက်တွင် အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်များ၊ မင်မိသားစု၏ ညီအစ်မ၃ယောက်၊ နံပါတ်၉မင်းသမီးနှင့် အိမ်ရှေ့စံမင်းသားတို့ ရပ်စောင့်နေကြပြီး တချို့က တကယ်စိုးရိမ်နေပြီး တချို့က ဟန်ဆောင်စိုးရိမ်နေကြသည်။
