Part 121

1.4K 181 1
                                    


အပိုင်း(၁၂၁)

ယွီဖင်ယန်နှင့် အနောက်ပိုင်းက လူရိုင်းဒုတိယမင်းသားတို့က မြို့နှစ်မြို့၊ အကောင်းဆုံးစစ်မြင်းတွေနှင့် အကောင်းစားလက်နက်တို့ လဲလှယ်ကာ ဘုရင်ကြီးကို နန်းချမည့်အကြောင်း လျှို့ဝှက်ကြံစည်သည့် ထိုစာတွေက မကြာခင်မှာပဲ ဘုရင်ကြီးချန်ကန်းရဲ့ စားပွဲပေါ် ရောက်ခဲ့လေသည်။

စာထဲမှာ ဖော်ပြထားသလို ယွီဖင်ယန်က ဝူလန်စီရင်စုနှင့် ဖုန်းရှန် မြို့ကို ဆုံးရှုံးခဲ့သည်။ ယွီဖင်ယန်က အနောက်ပိုင်းနယ်စပ်က မင်းသားရဲ့ ပစ်ခတ်မှုကို ခံရကာ သေလားရှင်လား မသိပေမယ့် ပူးပေါင်းကြံစည်သည့် စာတွေကတော့ ပေါ်လာခဲ့ပြီဖြစ်သည်။ အကျိုးဆက်အနေနဲ့ကတော့ နောက်ကွယ်က ကြိုးကိုင်သူက သူများကိုချောက်ချချင်ဇောဖြင့် သူလုပ်သမျှကို သူများကိုပုံချကာ လုပ်ကြံပြောခဲ့လေသည်။ ယွီဖင်ယန်က အသက်မရှင်တော့တာကြောင့် သက်သေမရှိတာကြောင့် ကြိုက်သလောက်အပြစ်ပုံချလို့ရနေခဲ့သည်။

အမှောင်ထဲက တကယ့်သစ္စာဖောက်က လျှို့ဝှက်ပူးပေါင်းကြံစည်တာဖြစ်ပြီး ကိစ္စတစ်ခုလုံးကို ကြိးကိုင်ခြယ်လှယ်နေတာဖြစ်သည်။ သူက နဂါးကြေးခွံဝတ်တပ်သား၊ တော်ဝင်ဆေးကုခန်း၊ ကန့်သတ်နန်းတော်၊ မှူးမတ်စံအိမ်ထဲ ထိုးဖောက်ဝင်ရောက်နိုင်ရုံတင်မက စစ်တပ်ထဲကလူတွေနဲ့ပင် အဆက်အသွယ်တွေရှိနေသည်။ မဟုတ်ပါက ယွီဖင်ယန်လို စစ်သူကြီးက စစ်ပွဲလောကရဲ့ လူသစ်ဖြစ်သူ အနောက်ပိုင်းနယ်စပ်ရဲ့ဒုတိယမင်းသားရဲ့ လက်ထဲမှာ ကျရှုံးမည် မဟုတ်ပေ။

လျှို့ဝှက်ပူးပေါင်းကြံစည်စာတွေကိုဖတ်ပြီး ဘုရင်ကြီးချန်ကန်းရဲ့မျက်နှာက အကျည်းတန်နေကာ သူ့မျက်လုံးထဲက သတ်ဖြတ်လိုစိတ်တွေက ရှင်းနေအောင် မြင်နေရသည်။ အောင်းဖင်က သူ့အစီအစဥ် အောင်မြင်သွားသည်ဟုထင်ကာ ခေါင်းငုံ့ပြီး နောက်ထပ် အမိန့်တစ်ခုကို စောင့်ဆိုင်းနေခဲ့သည်။

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ဘုရင်ကြီး ချန်ကန်းက အချက်ပြကာ ပြောခဲ့သည်။ "လူတွေခေါ်ပြီး အိမ်ရှေ့စံရဲ့နန်းဆောင်ကို သွားစစ်ဆေးကြ၊ အိမ်ရှေ့စံတင်မကဘူး မြေးတော်တွေရဲ့အဆာင်ပါစစ်ဆေး ခုခံလို့ချင်ရင် အကုန်လုံးကိုသတ်ပစ်လိုက်။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now