Part 65

1.8K 229 6
                                    

65 01

TYCDTN

Chapter 65

မဒမ်အိုကြီးရဲ့ရည်ရွယ်ချက်က သူ(မ)ကို ခြိမ်းခြောက်ရန်သာ ဖြစ်သည်။ ယွီစီးယွီ့ကို အရိုအသေ ဆက်ပေးခိုင်းကာ အမှားသိပြီး ဝန်ခံလာအအောင် လွှတ်ထားသော်လည်း မဒမ်အိုကြီးက သူ(မ)ရဲ့အမေးကိုတော့ ပြန်မဖြေဘဲ လက်ဖက်ရည်ခွက် ယူကာသာ အေးဆေး သောက်နေလိုက်သည်။

မာမောမောက အစာသွပ်မုန့် နောက်တစ်ပန်းကန် ယူလာပေးခဲ့သည်။ ယွီရှန်းက မုန့်ကိုတတိတိ ကိုက်စားကာ စာအုပ်ကို ကြည့်နေတာကြောင့် မုန့်ဖတ်တွေက စာရွက်ပေါ်ကျနေသည်။

ယွီဖင်ယန် စာအုပ်ကို လှမ်းကြည့်လိုက်တော့ စာအုပ်ပေါ်မှာ အမျိုးသားပုံတူလေးတွေ ဆွဲထားတာရှိတာ မြင်လိုက်တော့ သူ့မျက်လုံးတွေက ချက်ချင်း မည်းမှောင် သွားခဲ့သည်။ သူက စာအုပ်ဆွဲယူတော့မည့် အချိန်မှာပဲ ယွီရှန်းက စာအုပ်ကို မဒမ်အိုကြီးဖက် တိုးပြကာ ပြောလေသည်

"ဒါလေးမဆိုးဘူး"

မဒမ်အိုကြီး ငုံ့ကြည့်လိုက်တော့ သူ(မ) သဘောအကျရဆုံး လူရဲ့ပုံ ဖြစ်နေတာ တွေ့လိုက်ရသည်။ သူ(မ)ရဲ့ နှုတ်ခမ်းထောင့်တွေ ကော့တက်သွားခဲ့သည်။ ထိုလူက အညတရနောက်ခံနှင့် ရာထူးနိမ့်သော်လည်း သူတွင် သမာသမတ်ကျမှုနှင့် စိတ်သဘောထားကြီးမှုတို့ ရှိသည်။ သူ့မိသားစုက ရိုးရှင်းသော်လည်း စည်းကမ်း တင်းကြပ်သည်။ အသက်၄၀ မပြည့်မချင်း ကလေးမရှိခင်အထိ ကိုယ်လုပ်တော်ထားခွင့် မရှိဘူး။ သူက တကယ်ကိုက်ညီမှု ရှိသည်။

ထိုမိသားစုဝင်ကို အိမ်ထောင်ပြုခွင့်ရပါက ယောက်ျားဖက်က တော်ရသည့် ဆွေမျိုးတွေရဲ့ ဒုက္ခပေးခြင်း မခံရနိုင်ပေ။ စိတ်တိုအောင် လုပ်မည့် ကိုယ်လုပ်တော်လည်း မရှိတာကြောင့် သားသာ မွေးဖွားပေးနိုင်ပါက ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်သည်။

ယွီရှန်းက မဒမ်အိုကြီးရဲ့ အမူအရာကို စူးစမ်းလိုက်သည်။ အပြုံးကို မြင်လိုက်ရတော့ သူ(မ) ထင်သည့်အတိုင်း ဖြစ်နေတာကြောင့် ယွီစီးယွီ့ကိုတောင် မနာလို ဖြစ်သွားရသည်။ ယွီဖင်ယန်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထားခဲ့သည်။ ယွီရှန်း ယူထားသည့် စာအုပ်ကို ယွီဖင်ယန် ကြည့်လိုက်တော့ 'အသက်၄၀ပြည့်လို့ ကလေးမရှိပါက ကိုယ်လုပ်တော်ထားရမည်' ဟူသော စာကို တွေ့လိုက်ရသည်။ ဒီအူတိုအူပုတ်လေးက ဒီအချက်ကြောင့် သူ့ကို ရွေးလိုက်တာကို။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now