Part 58

2.3K 272 1
                                    

TYCDTN

Chapter 58

လင်ရှီက ယွီရှန်းကို တော်လှန်ဖို့ သက်သေတွေ အများကြီး ရခဲ့တာမလို့ ဒီတစ်ခါ ယွီရှန်းကို တောရွာပို့ပစ်ဖို့ ပြောရင်တောင် မဒမ်အိုကြီးနှင့်ယွီဖင်ယန်က ဘာမှပြောနိုင်မည် မဟုတ်ပေ။ ဘယ်လိုသမီးက စိတ်မရှည်နိုင်စွာနဲ့ ဘာလို့အမေ့ရဲ့ ဥစ္စာပစ္စည်းတွေကို ရောင်းပစ်နိုင်ရတာလဲ။ ဘယ်လိုအရာတွေက သူ့လောဘကို အတောမသတ်နိုင်ခဲ့တာလဲ။

ထိုနိမ့်ကျသည့် အပြုအမူက ယွီရှန်းကို ခေါင်းမဖော်နိုင်အောင် ဖိနှိပ်နိုင်သည်။ မဒမ်ကြီးနှင့်ယွီဖင်ယန် သူ(မ)ကို ကာကွယ်ပေးရင်တောင် အနာဂတ်မှာ အာခံရဲမှာ မဟုတ်တော့ပေ။

လင်ရှီက တွေးလေလေ ပိုကျေနပ်လာပြီး မဒမ်ကြီးရဲ့အဆောင်ကို အမြန်လေး ခြေလှမ်းတွေ သွက်လာပြီးသွားလိုက်ကာ အနောက်မှာ ယွီမောက်ချီလည်း ကပ်ပါလာသည်။

တံစက်မြိတ်အောက်မှာရပ်နေသည့် မာမောမောက သူတို့၂ယောက်ကိုတွေ့တော့ အခန်းထဲဝင်ကာ တီးတိုးတင်ပြလေသည်။

"မဒမ်ကြီး သူတို့ တကယ်ရောက်လာပြီ"

"ဟမ်"

မဒမ်အိုကြီးက စိပ်ပုတီးစိပ်ကာ ပါးစပ်ဖြည်းဖြည်းလေးဖွင့်ကာပြောလေသည်။

"လွန်ခဲ့တဲ့၂နာရီလောက်မှာ ဒီကိုလာထားတာလေ၊ တော်တော်စိတ်လှုပ်ရှားနေပုံပဲ၊ ကြည့်ရတာ စာရင်းတွေသေချာ မဖတ်ရသေးဘူးထင်တယ်"

မာမောမောက ခေါင်းငုံ့ထားကာ ပြန်မဖြေရဲပေ။ မကြာခင် အုံကြွမှုတွေ ဖြစ်တော့မှာကို သူ(မ) စိတ်ထဲကနေ တွေးမိလိုက်တာကြောင့် ဝမ်ချုံကို အချက်ပြကာ အလုပ်မရှိသည့် လူတွေကို အကုန် အပြင်ထွက်ခိုင်းလိုက်သည်။

"ပြဿနာပဲ သူ ပြန်ရောက်လာတဲ့ ၂ရက်အတွင်း ဘယ်လောက်တောင် ပြဿနာတွေ တက်ပြီးပြီလဲ၊ ရေတွက်ကြည့်ပါဦးမယ်"

မဒမ်အိုကြီးက စိတ်ပုတီးကိုချကာ လက်ချိုးရေတွက်ရင်း သူ(မ) မျက်နှာထက်က အပြုံးတွေက ပိုအေးခဲသွားကာ

"တကယ့်ဂြိုလ်ဆိုးပဲ၊ သူ ရောက်လာကတည်းက အိမ်က တစ်ခါမှ မအေးချမ်းဘူး၊ သူကတော့ လင်ရှီကို တားနိုင်မယ် ထင်ပေမယ့် သူက ပိုဆိုးနေပြီး မိသားစုရဲ့ထောက်ခံမှုနဲ့ ပိုင်ဆိုင်မှုကို လိုချင်လို့ တိုက်ခိုက်ဖို့ တက်ကြွနေလိုက်တာ၊ လင်ရှီ သူ့ကို အလိုလိုက်တာ မလုံလောက်ဘူးလား၊ ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုတောင် ပစ်မှတ်ထားရဲတယ်ပေါ့၊ ဒါဆို ငါ့ယန်အာက ဘယ်မှာနေရမှာလဲ၊ ဒါတွေကို ကြိုသိမယ်ဆိုရင် ငါသူ့ကို အစကတည်းက မခေါ်လာပါဘူး"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now