Part 39

2.3K 250 1
                                    

TYCDTN

Chapter 39

အိမ်ရှေ့စံမင်းသမီးက တစ်ညလုံးမီးဖွားနေကာ ဝမ်းဆွဲသည်က ဂျင်ဆင်းပြားကို သူ(မ)ပါးစပ်ထဲ ၅ကြိမ်မြောက်ထည့်ပေးပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလေသည်။

"အားနည်းနည်း သုံးဦး၊ အိမ်ရှေ့စံမင်းသမီး ညှစ်ထား၊ နည်းနည်းလောက်ထပ်ညှစ်ဦး"

အိမ်ရှေ့စံမင်းသမီးက အသိစိတ်တွေ ဝေဝါးနေကာ အော်ပင် မအော်နိုင်တော့ပေ။ သူ(မ)ရဲ့ခေါင်းက အနည်းငယ် ခါယမ်းနေကာ သတိမေ့တော့မည့်ဟန် ဖြစ်နေသည်။

သူ(မ)သာ တကယ် သတိလစ်သွားပါက ကလေး၂ယောက်လည်း ရေမွမ်းသေကာ မိခင်ဖြစ်သူလည်း အန္တရာယ်ရှိသည်။ ဝမ်းဆွဲသည်က အလွန်စိတ်သောက ရောက်နေကာ ဘာမှမပြောရဲပေ။ သူ(မ)က အိမ်ရှေ့စံမင်းသမီးရဲ့ ဗိုက်ကို အားသုံးကာ ဖိပေးနေရင်း စုန်မောမောကို ကြည့်လိုက်သည်။

"နင့်သခင် ဖြစ်သူ နိုးလာအောင် တစ်ခုခုလာပြောပါဦး၊ သူသာ သတိလစ်သွားရင် ဒီအခန်းထဲကလူတွေ အကုန်လုံး.."

သူ(မ)က လည်ပင်းဖြတ်သည့်ပုံစံ လုပ်ပြခဲ့သည်။

စုန်မောမောက ချက်ချင်း ရှေ့တိုးလာကာ သခင်ဖြစ်သူရဲ့ချွေးတွေကို သုတ်ပေးလိုက်သည်။ သူ(မ)က ဘာပြောရမလဲဆိုတာ စဥ်းစားပြီးနောက်..

'အိမ်ရှေ့စံမင်းသမီး အိမ်ရှေ့စံမင်းသားက အပြင်မှာ စောင့်နေပါတယ်'၊ 'အရှင်မင်းကြီးကလည်း အချိန်အကြာကြီး စောင့်မျှော်တော် မူနေတာပါ'၊ 'အိမ်ရှေ့စံမင်းသမီး ဒီလိုဖြစ်သွားရင် ချစ်ခင်တဲ့လူတွေက နာကျင်ရပြီး ရန်သူတွေက ပျော်ကုန်လိမ့်မယ် မဟုတ်လား' စသည့် စကားများ ပြောခဲ့သော်လည်း အိမ်ရှေ့စံမင်းသမီးက တုံ့ပြန်မှုမရှိပေ။

စုန်မောမောက ရုတ်တရက်စိတ်ကူးရသွားကာ အော်ဟစ်ခဲ့သည်

"အိမ်ရှေ့စံမင်းသမီး မိန်းကလေးရှန်းအာ ရွေးယူခဲ့တဲ့ နဂါးနဲ့ဖီးနစ် တုတ်ချောင်းကို မှတ်မိလား၊ နတ်ဘုရားတွေက သူ့လက်ကို သုံးပြီး အိမ်ရှေ့စံမင်းသမီးကို ကောင်းချီး ပေးခဲ့တာလို့ သူ ပြောခဲ့တယ်လေ၊ ကျွန်တော်မျိုးမတို့က အခု ပိုင်ယွင် ဘုန်းကြီးကျောင်းမှာပါ၊ တောက်ဘိုးဘေးတွေက ကျွန်တော်မျိုးမတို့ကို စောင့်ရှောက် ပေးနေတာ ဖြစ်မယ်၊ ဝါးက ဖီးနစ်အဖြစ် ပြောင်းပြီး ဖီးနစ်က ကောင်းကင်တခွင်မှာ ပျံဝဲပြီး တောက်ရောင်ခြည်တွေက နတ်ဆိုးတွေကို နှိမ်နှင်းပစ်လိမ့်မယ်၊ တောက်ဘေးဘိုးတွေရဲ့ စောင့်ရှောက်မှုကြောင့် အိမ်ရှေ့စံမင်းသမီးကော ကလေး၂ယောက်ပါ အန္တရာယ်ကင်းလိမ့်မယ်၊ ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်ကျပဲ၊ အိမ်ရှေ့စံမင်းသမီး အားနည်းနည်းလောက် စိုက်လိုက်ရင် ခဏအတွင်း ကလေး၂ယောက် ထွက်လာပါလိမ့်မယ်"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now