Part 128

1.9K 206 1
                                    


အခန်း(၁၂၈)

ယွီရှန်းက အစ်ကိုဖြစ်သူနှင့် ခဏထိုင်ပြီး စကားပြောခဲ့ရာ လင်ရှီက ဦးလေးမိသားစုကို ကူပေးပြီး ယွီဖင်ယန်ကို အသရေဖျက်ခဲ့ကြောင်း သိခဲ့ရလေသည်။ သူမက အလွန်ဒေါသထွက်ကာ အံကြိတ်ထားရသဖြင့် သွားတွေပင် ကျိုးကြေတော့မလို ခံစားနေရသည်။

"အခုတော့ ဦးလေးမိသားစုက မြို့တော်ကိုရောက်နေတာ တစ်လလောက်ရှိတော့မယ်၊ သူတို့က ယွီစံအိမ်ရဲ့ မျက်နှာချင်းဆိုင်မှာ နေထိုင်ပြီး နေ့တိုင်း သံသယကင်းကြောင်း သက်သေထူနေကြတယ်၊ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး အိမ်ရှေ့စံမင်းသားကို ပယ်ချဖို့အတွက် နံပါတ်၅နဲ့နံပါတ်၆ မင်းသားကို ထောက်ခံတဲ့လူတွေက အပြင်းအထန် ကြိုးပမ်းနေကြတယ်၊ ယွီကျွင်းဝေသာ မူလ ရာထူးပြန်ရမယ်ဆိုရင် မှူးမတ်ကြီးရာထူးကလည်း သူဆက်ခံရမှာဖြစ်ပြီး အကြီးဆုံးသား ရာထူးကိုလည်း ရလိမ့်မယ်လို့ သတင်းတွေထွက်နေသေးတယ်၊ အနာဂတ်မှာ အဲဒီသူတို့ မျိုးဆက်က ပိုပြီး အောင်မြင်ကျော်ကြား လာလိမ့်မယ်တဲ့၊ ယွီဖင်ယန်ရဲ့ရှင်းထုတ်ခြင်း ခံခဲ့ရတဲ့လူတွေက အခု ယွီကျွင်းဝေရဲ့ဘက်ကို ရောက်ကုန်ပြီ၊ သူက မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာဖို့ အလားအလာများတယ်၊ သူက ယွီဖင်ယန်လောက် မရက်စက်ဘူး၊ သူပြန်ရောက်လာပြီးတော့ သူက လင်ရှီတဲ့ယွီမောက်ချီကို သူ့ကြီးကြပ်မှုအောက်မှာ ခေါ်စောင့်ရှောက်ထားတယ်၊ မဒမ်ကြီးဆီလည်း နေ့တိုင်းသွားပြီး သူစောင့်ရှောက်ချင်တဲ့အကြောင်းတွေ နေ့တိုင်းပြောနေတာ။" ရှန်ယွမ်ချီက ယွီမိသားစူရဲ့ လက်ရှိအခြေအနေကို ဖြည်းဖြည်းချင်း ရှင်းပြခဲ့သည်။

ယွီရှန်းက နားထောင်ရင် လက်ချောင်းထိပ်လေးတွေ တုန်ယင်နေခဲ့သည်။ သူမက ပြင်းထန်စွာပြောခဲ့သည်။ "ဦးမိသားစုက တော်တော် တော်နေပါလား၊ အဖွားကို ဒေါသထွက်အောင် တမင်လုပ်နေတာ၊ အာဏာမရသေးတာတောင် တော်တော်သောင်းကျန်းနေပြီ၊ သူတို့တွေ အော်ငိုရမယ့်အချိန် ရောက်လာလိမ့်မယ်၊ လင်ရှီက အနည်းဆုံးတော့ အစ်ကိုကြီးအပေါ် ကြင်နာမှုလေး ရှိလိမ့်မယ်လို့ ထင်ခဲ့ပြီး ဒီလို သပုတ်လေလွင့် ပြောလိမ့်မယ်လို့ မထင်မိခဲ့ဘူး၊ ကျားတောင်မှ ကိုယ့်ကလေးကိုယ် ပြန်မစားဘူး၊ သူက သားရဲတိရိစ္ဆာန်ထက် ပိုဆိုးတဲ့မိန်းမ။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now