အပိုင်း(၁၃၁)
နန်းတွင်းက အဆင့်မြင့် အစောင့်တွေရဲ့ ရိုက်ချက်အားက သာမာန်လူတွေထက် သာလွန်သည်။ အချက်၃၀ အရိုက်ခံရပြီးနောက် သခင်မကြီးစွင်းက သေလုနီးပါးဖြစ်နေတုန်း ကြင်ယာတော်စွင်းက သူ့ဘာသာသူ ဆင်ခြင်သုံးသပ်သည့်အနေနှင့် ဒူးထောက်ထားရကြောင်း ကြားသိခဲ့ရလေသည်။ အချိန် ၁၂နာရီ ကြာပြီးပါက ဗိုက်ထဲက ကလေး အသက်မရှင်နိုင်သလို မိခင်ကော ကလေးပါ အသက်ဆုံးရှုံးသွားတာမျိုးဖြစ်နိုင်သည်။
သူမ နန်းတော်ကို လာရသည့်အကြောင်းအရင်းက သူမရဲ့သား မင်္ဂလာပွဲအတွက်ဖြစ်သည်။ သို့ပေမယ့် မင်္ဂလာပွဲ မဖြစ်မြောက်သည့်အပြင် စွင်းမိသားစုရဲ့ ထောက်တိုင်ပါ ပြိုကျလိမ့်မည်ဟု မထင်မိခဲ့ပေ။ သူမ ယောက်မက ဘုရင်ကြီးရဲ့ မျက်နှာသာပေးမှုကိုခံရပြီး သူမသာ သားလေးဖွားမြင်ပါက တော်ဝင်မင်းသားအဖြစ်တင်မြှောက်မည့်အကြောင်း ကတိပေးခဲ့သည်။ ဒါကို ဘာကြောင့် မျက်စိတစ်မှိတ်အတွင်း သူမ ယောက်မကို သတ်ချင်သွားရတာလဲ။
သခင်မကြီးစွင်းက အရူး မဟုတ်ပေ။ ဘုရင်ကြီးနှင့်မိဖုရားကြီးက သူမ ယောက်မကို ရှင်းထုတ်ဖို့ ပူးပေါင်းကြံစည်တာကို မသိဘဲ မနေပေ။ သူမ ကိုယ်ခန္ဓာက ကွဲထွက်မတတ် နာကျင်နေပေမယ့် ရင်ထဲက ဒေါသနှင့် စိုးရိမ်မှုက ကိုယ်ခန္ဓာက နာကျင်မှာထက် ပိုများနေသည်။ သူမရဲ့သားနှင့် ဆွေးနွေးဖို့အတွက် စံအိမ်ကို ချက်ချင်းပြန်ဖို့လိုသည်။ သို့ပေမယ့် ဘုရင်ကြီး ချက်ချင်း စိတ်ပြောင်းသွားတာက ကောင်းသည့်လက္ခဏာရပ် မဟုတ်ကြောင်း သူမ ခံစားနေရသည်။ ဟန်နိုင်ငံကြီးရဲ့ ကံတရားက ပြောင်းလဲတော့မှာနှင့်တူသည်။
"သခင်မကြီးစွင်း မင်္ဂလာပွဲအတွက် အမိန့်စာ ရခဲ့လား၊ ဒါဆိုလည်း အဲတာ ကျွန်မကိုပေးလေ၊ အိမ်ပြန်ပြီး ပစ္စည်းတွေ သွားပြင်ဆင်ရအောင်လို့ပါ။" ရှန်မိသားစုရဲ့ ရထားလုံးက လမ်းမကြီးဘေးမှာရပ်ခဲ့ကာ ယွီရှန်းက လိုက်ကာမပြီး တောက်ပစွာ ပြုံးခဲ့သည်။
အစေခံမလေးက လိုက်ကာကိုမပြီး ချော့မြူဟန်ဖြင့် ပြောခဲ့သည်။ "သခင်မကြီးစွင်းက နေမကောင်းတော်တော်ဖြစ်နေလို့ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ သခင်မလေးရှန်။"