Part 109

1.8K 209 0
                                    


အပိုင်း(၁၀၉)

ယွီရှန်းက ယွီဖင်ယန်ကို ခြံဝန်းထဲဦးဆောင်ခေါ်သွားခဲ့သည်။ သူမက အရင်ဆုံး သူမ ဒဏ်ရာကို ဆေးထည့်ခဲ့သည်။ သူမ ဒဏ်ရာက သိပ်မနက်ဘဲ ဆေးမှုန့်ထည့်ပြီသည်နှင့် သွေးတိတ်သွားခဲ့သည်။ ယွီဖင်ယန်က ပတ်တီးစည်းပေးဖို့ ကြိုးစားခဲ့ပေမယ့် ယွီရှန်းက မကျေနပ်သည့် အမူအရာဖြင့် ပယ်ချခဲ့သည်။

ထောင်ဟုန်က ရေနွေးဇလုံကိုကိုင်ထားပြီး လျိုလွီ့က ရေစိုဝတ်ဖြင့် ယွီဖင်ယန်ရဲ့ ဒဏ်ရာကို သန့်စင်ပေးနေခဲ့သည်။

"မြေအောက်အပူပေးစနစ်ကိုတိုးလိုက်၊ အစ်ကိုကြီး မျက်နှာက ဖြူလွန်းလွန်း အေးနေတာ မမြင်ဘူးလား။" ယွီရှန်းက ဆေးပုလင်းကို ကုတင်ဘေးက စားပွဲပေါ်တင်လိုက်ပြီး လက်ထောက်ကာ ညောင်စောင်းထက် တင်မလို့ပြင်လိုက်သည်။

ယွီဖင်ယန်က သူမကို ချီလိုက်တော့ ယွီရှန်းက ဆိတ်ဆွဲခဲ့လေသည်။

"သူများက ဒူးထောက်ဖို့ပြောတာနဲ့ လုပ်စရာလား၊ ဂုဏ်သိက္ခာမရှိဘူးလား၊ ဒူးခေါင်းတစ်ခုခု ချို့ယွင်းသွားရင် ဘယ်လိုလုပ်မလဲ။" သူမက စကားပြောပြီးသည်နှင့် မျက်ရည်တွေကျလာခဲ့သည်။ သူမရဲ့ မျက်တောင်တွေက မျက်ရည်တွေစိုနေပြီး ကြည့်နေသည့်ယွီဖင်ယန်က ရင်နာနေရသည်။

"လိမ္မာတယ် မငိုနဲ့၊ အစ်ကိုကြီးက ငယ်ငယ်ကတည်းက တိုက်ခိုက်ရေးပညာကို လေ့လာခဲ့တာ၊ ဒီလောက်ဒူးထောက်ရုံနဲ့ မင်းပြောသလို မဖြစ်ပါဘူးကွာ။" ယွီဖင်ယန်က သူမရဲ့ နားကိုပွတ်ပေးရင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ "ဒါက ဘာကိုပြောတာတုန်း။" သူက လက်ခလယ်ထောင်ပြခဲ့သည်။

"ဒါလား -ီးပဲလို့ ဆဲတာလေ။" ယွီရှန်းက ရင်ထဲက ဒေါသထွက်လာခဲ့သည်။

ယွီဖင်ယန်က ကြက်သေသေသွားခဲ့သည်။ ခဏနေတော့

ယွီရှန်းရဲ့ နှုတ်ခမ်းကို လက်ဖြင့်ပွတ်သပ်ကာ ကူကယ်ရာမဲ့စွာ ပြောခဲ့သည်။ "မိန်းကလေးဖြစ်ပြီး အရမ်းကြမ်းတမ်းတာပဲ နောက်ဆို အဲလိုမလုပ်ရဘူးနော်။"

"စိတ်မပူပါနဲ့ ဘုန်းတော်ကြီးခူဟွေကိုပဲ လုပ်ပြတာပါ၊ အရမ်းဒေါသထွက်လွန်းလို့။" ယွီရှန်းက ယွီဖင်ယန်ရဲ့ ရင်ခွင်ထဲပစ်ဝင်ပြီး ကျောကိုပုတ်ပေးခဲ့ပြီးမှ ဆေးလိမ်းခြင်းကို ပြန်အာရုံစိုက်လိုက်သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now