Part 129

1.3K 159 0
                                    


အခန်း(၁၂၉)

ယွီရှန်းက လပေါင်းများစွာ သီးသန့်ခွဲနေခဲ့သည်။ သူမက မှူးမတ်စံအိမ်က တရားဝင်သမီးမဟုတ်တော့တာကြောင့် ရှက်ကာ အပြင်လူတွေနှင့် မတွေ့တော့တာဟု လူတွေက ထင်နေသည်။ မှူးမတ်စံအိမ်က တရားဝင်သမီးရာထူးက မြင့်သော်လည်း မြို့မင်းသမီးရာထူးလောက် မမြင့်တာကို လူတွေက မေ့နေခဲ့သည်။

ဘုရင်ကြီးက သူမရဲ့ ရာထူးကို ပြန်ရုတ်မသိမ်းကြောင်း အမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် သူမက မြို့မင်းသမီးဖြစ်နေသေးကာ ဘာရာထူးအဆင့်အတန်းမှ မရှိသည့် ကျော်ရှီ့နှင့် ယွီမောက်ချီက သူမကို ဒူးထောက်ခစားရမည်ဖြစ်ကာ မြို့မင်းသမီးဟု ခေါ်ရမည်ဖြစ်သည်။

ထိုအချိန်မှာပဲ သူတို့က ဒူးထောက်ရမလား မထောက်ရဘူးလားဆိုတာ ရုန်းကန်နေကြသည်။ သူတို့ရဲ့ မျက်နှာက မကျေမနပ်ဖြစ်နေပြီး ကြောက်နေကြသည်။ ယွီရှန်းက မဒမ်အိုကြီးကို ဂျင်ဆင်းလက်ဖက်ရည် ဖြည်းဖြည်းချင်းသောက်အောင် ကူညီခဲ့သည်။ ခဏနေတော့ သူမက သူတို့ကို ပြင်းထန်သည့်လေသံဖြင့် အပြစ်တင်ခဲ့သည်။ "ဒီအဆင့်မရှိတဲ့လူတွေက ယဥ်ကျေးမှုကိုမရှိဘူး၊ မောင်းထုတ်လိုက်ကြစမ်း။"

အားကိုးရှာတွေ့သွားသကဲ့သို့ မာမောမောတို့က တုတ်တွေ၊ တံမြက်စည်းတွေ၊ ဖုန်သုတ်ကြက်မွေးတုတ်တွေ ဆွဲပြီး သူတို့ကို ဒေါသဖြင့် မောင်းထုတ်ခဲ့သည်။ ကျော်ရှီ့က သူ့မိသားစုရဲ့ အစေခံတွေကို ပြန်တိုက်ခိုက်ဖို့ အမိန့်မပေးခဲ့ပေ။ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် အခြေအနေမှာ သူတို့သာ ယွီရှန်းကို သွားထိမိပါက အခြေအနေတွေက သူမ မကိုင်တွယ်နိုင်သည်အထိ ကြီးသွားနိုင်သည်။ သူမမှာ ရွေးချယ်စရာ မရှိတာကြောင့် စကပ်မကာ ထွက်ပြေးခဲ့ရလေသည်။

ယွီရှန်းက သူတို့ကို ဒီတိုင်းမလွှတ်ပေးခဲ့ဘဲ အနောက်ကနေ အော်ခဲ့လေသည်။ "သခင်မကြီးကျော်၊ စာနာလို့ သတိပေးလိုက်မယ်၊ ယွီမောက်ချီက မွေးစားအမေကိုသတ်ပြီး မွေးစားအစ်ကိုကို အပြစ်ဖို့ခဲ့တာ၊ သူ့ရဲ့ အဖေတူအမေကွဲ အစ်မကိုလည်း အကွက်ချကောက်ကျစ်ခဲ့ပြီး အစ်ကိုအရင်းကိုလည်း အမေအရင်းဖြစ်သူနဲ့ ပူးပေါင်းကြံစည်ပြီး ဂုဏ်သိက္ခာကျအောင်လုပ်ခဲ့တယ်၊ အကယ်၍ ရှင်သာ သူ့ကို အမြတ်ထုတ်ဖို့ စီစဥ်ထားတယ်ဆိုရင်တော့ နောက်ဆုံးကျရင် သူက ရှင့်ကိုဘာမှမကျန်တဲ့အထိ အရိုးပါ စားသွားလိမ့်မယ်နော် သတိထား။"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now