အခန်း(၉၅)
ထိုကိစ္စဖြစ်လိမ့်မည်ဟု သူလုံးဝ မထင်မိခဲ့ပေ။ ညီမဖြစ်သူရဲ့ ပထမဆုံး ဓမ္မတာက သူချီပွေ့ထားတုန်း ရုတ်တရက် ရောက်လာခဲ့သည်။ ယွီဖင်ယန် အသိစိတ်ပြန်ကပ်သည့်အချိန်မှာ လည်ချောင်းတွေယားပြီး နှလုံးတုန်ယင်နေတာ ခံစားမိလိုက်သည်။
ယွီရှန်းက အရှက်ကွဲပြီးပြီမလို့ ထပ်ရှက်မနေတော့ပေ။ လျိုလွီ့ ဂွမ်းစအထည်ယူလာတာကိုပဲ စောင့်ပြီး စိတ်တိုစွာပြောခဲ့သည်။ "မြန်မြန်အောက်ချပေးတော့၊ အေးပြီးနာနေပြီ။"
ယွီဖင်ယန် ချက်ချင်းအောက်ချပေးလိုက်တော့ ယွီရှန်းက စောင်ကိုခေါင်းမြီးလုံအောင်ခြုံပြီး ဗလုံးဗထွေးပြောခဲ့သည်။ "မြန်မြန်လေး အဝတ်အစားသွားလဲလိုက်တော့ သူများတွေ မမြင်စေနဲ့။" သူများတွေမြင်သွားရင်တော့ သူမ ရှက်လွန်းလို့ ဘယ်သူ့ကိုမှ ရင်ဆိုင်ရဲမည်မဟုတ်တော့ပေ။
အစတုန်းကတော့ ယွီဖင်ယန်က ဘာဖြစ်နေမှန်း နားမလည်ပေ။ သူက စောင်အနားစကို ထိုးထည့်ပေးရင်းမှ အင်္ကျီလက်ကပေနေသည့် အနီရောင်အစွန်းအထင်းကို တွေ့သွားခဲ့သည်။ ဒါက.. ဒါက ညီမလေးရဲ့ ပထမဆုံး ဓမ္မတာသွေးလား။
ပုံစံပြောင်းချီခိုင်းပြီး အောက်အချမခံတာလည်း မဆန်းတော့ပေ။ ခေါင်းမြီးခြုံထားသည့် ယွီရှန်းကို ဆွဲပွေ့ဖက်ကာ ခပ်လွင်လွင်ရယ်ကာ ပြောခဲ့သည်။ "ရှန်းအာ ကိုယ်ရဲ့ ရှန်းအာလေး ဘာလို့ အဲလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲကွာ။"
မျက်နှာကြီးနီရဲလျက် ယွီရှန်းက ခေါင်းပြူထွက်လာကာ အောင်ဟစ်ခဲ့သည်။ "မြန်မြန်ဖယ်စမ်းပါ။"
"ပထမဆုံး ဓမ္မတာလာတာ ပျော်စရာပဲလေ၊ ဘာမှရှက်နေစရာမလိုဘူး၊ ကိုယ်မင်းကို အဖော်ပြုပေးပါ့မယ်။" အခု ယွီဖင်ယန်ရဲ့ စိတ်က ဖော်ပြမရအောင် ပျော်ရွှင်ကြည်နူးနေသည်။ ညီမဖြစ်သူရဲ့ အရွယ်ရောက်မှုတိုင်းကို သူမြင်တွေ့ခဲ့ရပြီး သူမက သူ့အပိုင်ဖြစ်ကြောင်း ကံတရားကစီမံထားတာနှင့်တူသည်။
"ဝေးဝေးသွားစမ်းပါ၊ မထိနဲ့။" ယွီရှန်းက စိတ်မငြိမ်ဖြစ်နေပြီး ယွီဖင်ယန် အနားကပ်လာတိုင်း သူ့ရဲ့ ချောမောသည့်မျက်နှာကို လက်သေးသေးလေးတွေဖြင့် တွန်းဖယ်ခဲ့သည်။