TYCDTN
Chapter 34
ဖန်းကျီ့ချန်က သူနေသည့်အိမ်ကို ပြန်သွားကာ လူတစ်ယောက်ဖြင့် ဖေရှီကို အမြန်လေး အခေါ်လွှတ်လိုက်သည်။
ဖေရှီက စိတ်ဓာတ်ကျနေသော အမူအရာဖြင့်ဝင်လာကာ ပြောလေသည်
"သားရယ် နင်နဲ့ မှူးမတ်စံအိမ်က သမီးကြီးဖြစ်သူနဲ့ လက်ထပ်ပွဲ မဖြစ်မြောက်မှာ အမေစိုးရိမ်လိုက်တာ"
မူလက စိတ်လှုပ်ရှားမှုတွေ ပြည့်နက်နေသည့် ဖန်းကျီ့ချန်က ထိုစကားကိုကြားတော့ ပြုံးကာ ပြောလေသည်
"တစ်ခုခုဖြစ်လို့လား"
"နင်တို့၂ယောက်ရဲ့ မွေးဖွားဇာတာက မကိုက်ညီဘူး၊ တကယ်လို့ ၂ယောက်သား လက်ထပ်မယ်ဆိုရင် ကပ်ဘေးဆိုက်တာတို့ အဲထက်ပိုဆိုးတာတို့ ဖြစ်လိမ့်မယ်၊ အနာဂတ်မှာ ဆင်းသက်လာမယ့် သားသမီးတွေကိုလည်း အန္တရာယ်ဖြစ်စေလိမ့်မယ်၊ ဒါကြောင့် လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ယွီမိသားစုကလည်း မွေးဖွားဇာတာကြီး ပြန်ပို့လာပြီ"
"အမေ သားရဲ့မွေးဖွားဇာတာကို ပို့ပြီး ဘာလို့ ထပ်မစစ်ခိုင်းတာလဲ"
"ဘာစစ်စရာရှိလို့လဲ၊ နင်တို့မွေးဖွားဇာတာကို ပိုင်ယွင်ဘုန်းကြီးကျောင်းက မသေမျိုးဘုန်းကြီးနဲ့ စစ်ခိုင်းပြီး သူ့စစ်ဆေးမှုက မှန်တယ်"
ဖေရှီက ထပ်ခါထပ်ခါ လက်ခါယမ်းပြခဲ့သည်။
"သားရဲ့မွေးဖွားဇာတာနဲ့ ယွီမိသားစုက တရားဝင်သမီးလေးနဲ့ မွေးဖွားဇာတာချင်း ကိုက်ညီလားလို့ စစ်ဆေးခိုင်းတာ"
ဖန်းကျီ့ချန်ရဲ့ နားထိပ်လေးတွေက နီရဲနေသည်။ သူက မသဲမကွဲ ပြောလေသည်>
"သား သူ့ကို ရေကန်ဘေးမှာ တွေ့ခဲ့တာ၊ သား သူ့ကို အရမ်းသဘောကျတာပဲ၊ ဒီသားရဲ့ဆန္ဒကို အမေဖြည့်ဆည်းပေးဖို့ တောင်းဆိုပါရစေ"
ဖေရှီက အစကတော့ ပျော်သွားပြီးနောက် တုံ့ဆိုင်းသွားလေသည်။
"သားရယ် နင်က တရားဝင်သမီးကို လက်ထပ်ချင်တာတော့ ကောင်းပါတယ် ဒါပေမဲ့ သူက လမ်းမှ မလျှောက်နိုင်တာ၊ နင့်ရဲ့အတွင်းရေးကိစ္စတွေကို ဘယ်သူက တာဝန်ယူမှာလဲ၊ ဘယ်သူက နင့်ကို ကလေးမွေးပေးပြီး စောင့်ရှောက်ပေးမှာလဲ၊ ဘယ်သူက နင့်ကိုပြုစုမှာလဲ၊ ပြဿနာတွေ အများကြီးရှိတယ်၊ စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး၊ သူ ဘယ်လောက်လှလှ အသုံးမဝင်ဘူး"
![](https://img.wattpad.com/cover/343750995-288-k556378.jpg)