Part 78

3.5K 332 10
                                    

TYCDTN

Chapter 78

ရှန်ယွမ်ချီ အရေးကိစ္စတွေကို ဖြေရှင်းသည့်နည်းက အကြင်နာမဲ့ကာ မာယာကြွယ်သည်။ အခု ညီမဖြစ်သူက သူ့ဘေးမှာရှိနေတာကြောင့် တတ်စွမ်းသမျှ ပြန်ဖြေပေးနေပြီး ခဏအတွင်းပဲ ထိုကလေးမ ၂ယောက်နှင့် ရင်းနှီးသွားခဲ့သည်။

ရွှယ်အိမ်မှာ ကျွန်ဖြစ်လာရသည့် သူ့အကြောင်းကိုနားထောင်ပြီးနောက် ယွီရှန်းက တောက်ခတ်ကာ မေးလေသည်။

"ငွေဒင်္ဂါး၁၀ပြားရှိလား"

ရှန်ယွမ်ချီက သူ့ပိုက်ဆံအိတ်ကိုကိုင်ကာ..

"ရှိတာပေါ့"

နှစ်ကြိမ်သာ တွေ့ဖူးသည့် ညီမဖြစ်သူက သူ့ဆီက ငွေဒင်္ဂါးတောင်းတာကို ထူးဆန်းတယ်လို့ သူမခံစားရပေ။

ယွီရှန်းက သူ(မ)မျက်နှာကို အုပ်ကာ ပြောလေသည်။

"နင် တိုးတက်ကောင်းစားသွားတဲ့ အချိန်ကျရင် ငါ့မျက်နှာကို ငွေဒင်္ဂါးပြားနဲ့ ပေါက်လိုက်လို့ ပြောခဲ့တယ်မလား၊ ဒီစကားတွေ တကယ်ဖြစ်လာမယ်လို့ မထင်မိခဲ့ဘူး၊ ဒါကြောင့် အခု ပစ်လိုက်တော့ ငါ ယွီရှန်းက ကတိမတည်တဲ့လူ မဟုတ်ဘူး၊ ပြီးရင်တော့ အဲငွေဒင်္ဂါး၁၀ပြားက ကျွန်မဟာပဲ ပြန်တောင်းလို့ မရဘူး၊ ဒီကမ္ဘာမှာ ရင်ဖိုဖို့အကောင်းဆုံးက ငွေဒင်္ဂါးနဲ့ပေါက်ခံရတာပဲ၊ မျက်နှာကို မထိရင်တောင် အဝေးကိုမပစ်နဲ့၊ ငွေဒင်္ဂါး၁၀၀ပဲဖြစ်ဖြစ် အဲထက်ပိုတဲ့ ငွေဒင်္ဂါးပဲဖြစ်ဖြစ် သည်းခံနိုင်တယ်"

ရှန်ယွမ်ချီက ကြက်သေသေ သွားပြီးနောက် ထရယ်လေသည်။ ဒီတစ်မူထူးခြားသည့် ကောင်မလေးက သူ့ညီမအရင်း ဖြစ်ကာ သူ ထင်ထားတာထက် အဆများစွာ ပိုချစ်ဖို့ကောင်းသည်။ ကောင်းကင်ဘုံက ဘာလို့ သူတို့ကို လှည့်စားခဲ့တာလဲ ညီမဖြစ်သူကို ယွီစံအိမ်ပို့လိုက်ပြီး သူတို့အိမ်ကိုတော့ ဂြိုလ်ဆိုးတစ်ကောင်ကို ပို့လိုက်သည်။ အဲလိုသာ မဖြစ်ခဲ့ပါက သူတို့မိသားစုက ပျော်ပျော်ရွှင်ရွှင် နေထိုင်နေရလောက်သည်။

ပြုံးနေရင်းဖြင့် သူ့မျက်ဝန်းတွေက မချိတင်ကဲဖြစ်နေသည်။

ယွီရှန်းက တစ်ခုခု ဖြစ်နေတာကို အာရုံခံမိပေမယ့် နံပါတ်၉မင်းသမီးလေးကတော့ မေးပင့်ကာ ထိပ်တန်းစာသင်သား၏ အပြုံးကို ကြည်နူးစွာ ကြည့်နေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now