နိုဗယ်အကျဥ်းချုပ်။
ခေတ်မီမှုခင်းဆေးပညာဆရာဝန်၊ယင်ထောင် သည် စာအုပ်ထဲသို့ ကူးပြောင်းခဲ့ပြီး ဇာတ်လိုက်မင်းသမီး၏အစ်မဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် ဇာတ်လိုက်မင်းသမီးအတွက် အားဖြည့်ပေးရသော ဇာတ်ရံတစ်ဦးလည်းဖြစ်သည်။ပြန်လည်မွေးဖွားလာပြီးနောက် ဇာတ်လိုက်မင်းသမီး သည် မိသားစု၏လုပ်ငန်းကို ကြီးထွားလာစေကာ ချောမောပြီး အရည်အချင်းရှိသော အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့လေ၏။ ထိုအချိန်မှစ၍ သူမ၏အသက်မွေးဝမ်းကြောင်းနှင့် အချစ်ရေးဘဝသည် တိုးတက်အောင်မြင်လာခဲ့လေသည်။ သို့ရာတွင် စာအုပ်ထဲတွင် သူမ၏အဘိုးအဘွားများနှင့်အတူနေထိုင်သော ယင်ထောင်သည် မိသားစုအတွင်းရှိလူတိုင်းက သူမထက် ယင်နင်း ကို အလွန်နှစ်သက်သောကြောင့် ဇာတ်လိုက်မင်းသမီး၊ယင်နင်း အပေါ် အမြဲမနာလိုဖြစ်နေခဲ့တယ်။ ယင်ထောင် အရွယ်ရောက်လာပြီး မှုခင်းဆရာဝန်ဖြစ်လာခဲ့ပေမဲ့လည်း သူမ၏ အလုပ်သဘောသဘာဝကြောင့် မိသားစုက သူမအား ရှောင်ဖယ်ခဲ့လေ၏။
နောက်ဆုံးတွင် မိသားစုမှ ဖိအားများစွာပေးပြီးနောက် မူလယင်ထောင် သည် အလုပ်ထွက်ခဲ့ပြီး ချမ်းသာသောမိသားစုမှ ယောက်ျားနှင့်လက်ထပ်ခဲ့သည်။ ထိုအချိန်မှစ၍ သူမ လူအများနှစ်သက်သူဖြစ်လာခဲ့တယ်။ သူမ၏ မိသားစုနှင့် သားသမီးများ၏ ကျေးဇူးကြောင့် ခြေထောက်ပေါ် အခိုင်အမာ ရပ်တည်နိုင်ခဲ့လေ၏။ ကူးပြောင်းလာခဲ့သောယင်ထောင် သည် ဤမျှ ဝမ်းနည်းစရာကောင်းသော ဘဝနေထိုင်မှုကို စိတ်မဝင်စားပါ။ မူလဇတ်လမ်းကနေ လွတ်မြောက်ပြီး သူမလိုချင်တဲ့ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းချင်ခဲ့၏။ ထို့ကြောင့် ယင်ထောင်က အိမ်ပေါ်မှ ချက်ချင်းဆင်းခဲ့ပြီး အဆောင်တစ်ခုသို့ ပြောင်းရွှေ့ကာ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တော့သည်။ သူမသည် နေ့တိုင်း အလောင်းများကိုကိုင်တွယ်သလို ငွေအနည်းငယ်ရှာရန် စာအုပ်၏ ဇာတ်လမ်းအစီအစဥ်ဆိုင်ရာ ဗဟုသုတကိုလည်း အသုံးပြုခဲ့သည်။
ယင်ထောင်၏ဘဝသည် ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ မူရင်းဇာတ်လမ်းမှ လွတ်မြောက်သွားပြီဟု တွေးရုံရှိသေး လူသတ်မှုရာဇဝတ်မှုတစ်ခုက သူမအား ဇာတ်လိုက်မင်းသမီးကို စွဲလန်းနှစ်သက်သော ဒုတိယဇာတ်လိုက်မင်းသားနှင့် ချိတ်ဆက်ပေးခဲ့၏။ ဖန်ကျင်းက သူမ၏ တိုက်ရိုက်အထက်လူကြီးဖြစ်လာခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူမကို နည်းနည်းလေးမှ စိတ်ဝင်စားပုံမပေါ်ချေ။တနေ့ ယင်ထောင်နဲ့ဖန်ကျင်းတို့ မြစ်ထဲက ဆယ်ယူထားတဲ့ ဖောင်းကားနေတဲ့ အလောင်းရှေ့ မတ်တပ်ရပ်နေခဲ့ကြသည်။ ဖန်ကျင်းက သူမအား ကြည့်ရင်း မျက်ဝန်းပြူးကျယ်သွားလေ၏။ သူ့မျက်လုံးများထဲတွင် ရှင်းမပြနိုင်သောအရောင် မှိန်ဖျော့ဖျော့ ရှိနေ၏။ ယင်ထောင်က အလျင်စလိုပြောလိုက်တယ်။
"ကျွန်မကို မချစ်နဲ့၊ ကျွန်မက ဒဏ္ဍာရီတစ်ခုသာသာပဲ"
"..." ဖန်ကျင်း ပြောစကားပျောက်ရှသွားတော့သည်။
paid gp,
Gp1-(1-100) --2000
Gp-(101-200)--2000
Gp-(201-300)--2000
Gp-(300-412)--2000
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.