Ch- 63 : အစ်ကိုဟူ။
ဖန်ကျင်းက ကျဲယုကို အချက်ပြလိုက်ရာ ကျဲယုက ကြိုတင်ပြင်ဆင်ထားသော သေတ္တာကိုထုတ်၍ ဝုဟောင်၏ရှေ့တွင်တင်လိုက်သည်။ သူက သေတ္တာကိုဖွင့်လိုက်ရာ အထဲတွင် ငွေသားများအပြည့်ရှိနေသည်။
"ဒါကဘာလဲ?" ဝုဟောင်က ဒီငွေတွေသည် ရဲစခန်းက ထောက်ပံ့ပေးတာမဖြစ်နိုင်ဘူးလို့ခံစားမိတယ်။ သူက ဖန်ကျင်းကို စိတ်ရူပ်ထွေးစွာကြည့်နေ၏။
"ဒါက ငါ့ကိုယ်ပိုင်ငွေ။ရှုံးရင်တောင် အဆင်ပြေတယ်၊ငါ မှောင်ခိုဈေးကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို လိုချင်တယ်။" ဖန်ကျင်းတွင် ပိုက်ဆံမပြတ်လတ်ပါ၊ သဲလွန်စရှာနိုင်သရွေ့ ပိုက်ဆံက အရေးမကြီးပေ။
ကျဲယုနဲ့ယင်ထောင်တို့ ဖန်ကျင်း၏ရက်ရောမှုကြောင့် နည်းနည်းအံ့သြသွားကြသည်။အမှန်တကယ်တော့ သူသည် ယခုအချိန်တွင် ရေလိုသုံးနေသောချမ်းသာသူတစ်ဦးနှင့် ပိုတူနေခဲ့သည်။
"ဒါနဲ့ဆို ပိုလွယ်တယ်။ ဒီငွေက ငါ့အတွက် လိုအပ်ချက်ပဲ။ အရင်က ကစားဖို့ မတတ်နိုင်လို့ မဝင်ခဲ့ဖူးဘူး။" မှောင်ခိုဈေးကွက်မှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်ဆိုတာ ဝမ်ဟောင်သိတယ်။ ပိုက်ဆံအလုံအလောက်မရှိရင် အမြင့်ဆုံးနေရာတွေကို မဝင်နိုင်ပါ။
"မှောင်ခိုဈေးကွက်မှာ လူကုန်ကူးတာ ကြားဖူးလား?" ဖန်ကျင်းက ဝုဟောင်ကို မေးလိုက်သည်။ တစ်ဖက်သား၏ အမူအရာမှာ နည်းနည်းလေးနက်သွားသည်ကို မြင်လိုက်တယ်။
"ကြားဖူးတယ်၊ဒါပေမယ့် ဒါကိုလည်း လျှို့ဝှက်လုပ်ကြတာ၊ တကယ်လို့ မင်းက မှောင်ခိုဈေးကွက်ရဲ့အဓိကအဖွဲ့ဝင်မဟုတ်ရင် အဲဒါတွေနဲ့ထိတွေ့ဆက်ဆံခွင့်မရှိဘူး" ဝုဟောင် သည် လျှို့ဝှက်စုံစမ်းနေသော်လည်း မှောင်ခိုဈေးကွက်၏ ပင်မဗဟိုသို့ ဝင်ရောက်ရန် အခွင့်မရှိခဲ့ပေ။
"မှောင်ခိုဈေးကွက် ကာစီနိုမှာ လေလံပွဲတွေ ရှိနေတယ်လို့ တခြားသူတွေဆီက ကြားတယ်။ ဒါတွေအားလုံးဟာ တရားမဝင် အရောင်းအဝယ်တွေ။ ဒါပေမဲ့ မဝင်ခင် လူတွေကိုစစ်ဆေးတယ်၊ အီလက်ထရွန်းနစ်ပစ္စည်းများ ဒါမှမဟုတ် ပစ္စတိုယူခွင့်မပြုဘူး၊ သူတို့က အရမ်းသတိရှိတယ်။ အချမ်းသာဆုံးသူတွေကသာ ဝင်ဖို့ အရည်အချင်းပြည့်မီတယ်။"
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
Roman d'amourAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.