Ch-71 : ဇာတ်ကြောင်း။

571 58 0
                                    



Ch-71 : ဇာတ်ကြောင်း။

"ဟုတ်တယ်၊ ဒါပမဲ့ လူပျောက်မှုဖြစ်ပုံပဲ၊ တစ်စစီအမှုနဲ့ပတ်သက်လို့ ငါ့ခေါင်းဆောင်က သံသယရှိနေတယ်" ပိုင်လော်က အင်္ကျီကိုအမြန်ဝတ်လိုက်ပြီး ယင်ထောင်ကို ညွန်ကြားခဲ့တယ်။ "နောက်ဆို နင် မှောင်ခိုဈေးကွက်ကို မသွားတာအကောင်းဆုံးပဲ၊ အန္တရာယ်များလွန်းတယ်။ ဒီနေ့ တစ်ညလုံး နင် အပြင်ထွက်ခွင့် မရှိဘူး။ မိန်းကလေးကောင်းတစ်ယောက်လို အိပ်ဆောင်မှာ ငါ့ကိုစောင့်နေ!"

ယင်ထောင် ခေါင်းညိတ်၍ ပိုင်လော် အလျင်အမြန်ထွက်သွားတာကို ကြည့်နေခဲ့တယ်။ ခေါင်းဆောင်ဖန်က ဒီနေ့ရဲစခန်းကို အမှုတစ်ခုကို ကိုင်တွယ်နေပုံပေါ်သောကြောင့် သူမလည်း သူ့ကို မကူညီနိုင်ပါ။ သူမရဲ့ဆရာကလည်း အတော်လေးတိတ်ဆိတ်နေ၏။ ယင်ထောင် ရေချိုးပြီး တစ်ညလုံးအနားယူဖို့စီစဉ်ထားတယ်။

ရေချိုးပြီးနောက် ယင်ထောင် ပို၍ သက်တောင့်သက်သာရှိလာသည်။ လွတ်သွားသော ဖုန်းခေါ်ဆိုမှုမျိုး မရှိသည်ကို မြင်လိုက်ရသဖြင့် ယင်ထောင် လုံးဝ သက်တောင့်သက်သာ ခံစားရလေသည်။

ဖုန်းမခေါ်ရင် သားကောင်အသစ် မရှိဘူး။

ဒါပေမဲ့ ပိုင်လော် ပြန်မလာပေ။ ယင်ထောင် အချိန်ကိုကြည့်လိုက်သည်။ ည 8:30 ထိုးနေပြီ။

ယင်ထောင်က ပိုင်လော်ကို မနှောက်ယှက်ရဲသောကြောင့် သူမ ဘာသာအသားကင်စားခဲ့သည်။

ယင်ထောင် အကင်တုတ်ထိုးများ တစ်ဝက်ကျော်စားပြီးနောက် မစားနိုင်တော့ပေ။ ပိုင်လော်က တညလုံးအလုပ်လုပ်နေပုံပင်။

ယင်ထောင် သည် အိပ်ရာပေါ်တွင်မလှဲခင် သေသေသပ်သပ်နည်းနည်းလုပ်လိုက်၏။ သူမ ကူးပြောင်းလာပြီးနောက် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်အမျိုးမျိုးတို့ကိုတွေးရင်း ယင်ထောင် အိမ်မက်မက်နေသလိုခံစားရတယ်။

သူမ၏ လက်ရှိဘဝသည် လက်တွေ့ကမ္ဘာတွင် သူမ၏ယခင်ဘဝနှင့် မတူသည်ကိုခံစားမိသည်။

ယင်ထောင် သည် မူရင်းဝတ္ထု၏ ဇာတ်ကွက်ကို ပြောင်းလဲပြီး မှုခင်းဆရာဝန်ဖြစ်လာကတည်းက မူလဝတ္ထု၏ ဇာတ်ကွက်များစွာကို ပြောင်းလဲခဲ့သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now