Ch-41 : အမှုအခင်းမြင်ကွင်း။
"အမှုရှိနေလို့လား?" ဖန်ကျင်းက ယင်ထောင်၏လေးနက်သောအမူအရာကိုမြင်သောအခါ မေးလိုက်သည်။
"အင်း၊ဝမ်အန်းခရိုင်း၊တစ်စစီဖြစ်နေတဲ့အလောင်း"
ယင်ထောင်၏စကားအဆုံးသတ်သွားသောအခါ ဖန်ကျင်းက လင်းကျားကိုပြောသည်ကိုကြားရသည်။ "ကားပေါ်ကဆင်း၊မင်း အခင်းဖြစ်ပွားရာနေရာကို လိုက်မလို့လား?"
လင်းကျား သည် စိတ်အလိုမကျစွာဖြင့် ကားပေါ်မှဆင်းကာ ယင်ထောင် အား အပြုံးဖြင့်ပြောခဲ့တယ်။ "ညီမလေးရှောင်ထောင်၊အလုပ်သွားလုပ်လိုက်ဦးနော်၊နောက်ရက်ကျရင် အတူထမင်းစားကြရအောင်"
!!
သူမ ခေါင်းညိတ်လိုက်၏။ ယင်ထောင် သည် ခရီးသည်ထိုင်ခုံပေါ်သို့ ထိုင်လိုက်ကာ ကားက မောင်းထွက်သွားသည်။ လင်းကျား သည် နေရာတွင် ကူရာမဲ့စွာ သက်ပြင်းချရင်းကျန်ရစ်ခဲ့သည်။ ယင်ထောင်ကို လိုက်ဖို့ မလွယ်ကူပုံပင်။
ဖန်ကျင်း သည် လမ်းတွင် ခေါင်းဆောင်ချန်း ထံမှဖုန်းခေါ်ဆိုမှုကိုလည်း လက်ခံရရှိခဲ့သည်။ သူ၏ဖော်ပြချက်အရ အမှုသည် အမှန်တကယ်ပင် ရှုပ်ထွေးလွန်း၏။ ၎င်းတွင် သေဆုံးသူများစွာ ပါဝင်နိုင်သည်။ ဖန်ကျင်း တလမ်းလုံးအရှိန်ပြင်းပြင်းနဲ့မောင်းလာခဲ့ပြီး မကြာခင် ဝမ်အန်းခရိုင်သို့ရောက်လာခဲ့တယ်။
အနီးနားတွင် ရဲအရာရှိများစွာ ရှိနေ၏။ ယင်ထောင် ကားပေါ်မှ ဆင်းလာချိန်တွင် ရှကျင်းက အနီးနားနေထိုင်သူများနှင့် အခြေအနေကို စုံစမ်းနေသည်ကို တွေ့လိုက်ရသည်။
"ရှကျင်း!" ယင်ထောင်က ရှေ့ကိုလျှောက်လာပြီး ရှကျင်းကို နှုတ်ဆက်၏။
"အစ်မရှောင်ထောင်၊ ခေါင်းဆောင်ဖန်" ယင်ထောင် နဲ့ ဖန်ကျင်း အတူလမ်းလျှောက်လာသည်ကို မြင်သောအခါ ရှကျင်း နည်းနည်းအံ့ဩသွားသည်။သူ သည် တခဏလောက်စဉ်းစား၍ သူတို့ကိုပြောတယ်။ "ခေါင်းဆောင်ချန်းနဲ့ဒေါက်တာစုက အပေါ်ထပ်မှာရှိတယ်၊ အစ်မတို့ တချက်သွားတက်ကြည့်သင့်တယ်၊ ဒီအမှုက နည်းနည်းတော့ခက်ခဲမယ်ထင်တယ်"
![](https://img.wattpad.com/cover/365682519-288-k334142.jpg)
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.