Ch-15 : စားသောက်ကြခြင်း။

746 78 0
                                    


Ch-15 : စားသောက်ကြခြင်း။

"သံသယဖြစ်စရာလူမရှိဘူး" ယင်ထောင်က ဖန်သားပြင်မှ မျက်လုံးများကို မဖယ်သေး။

သားကောင်သုံးယောက်ကို သတ်ခြင်းမှ အကဲဖြတ်ရာတွင် ယင်ထောင်သည် လူသတ်သမားသည် ပျော့ညံ့သူမဟုတ်ကြောင်း တိုင်းတာနိုင်သည်။ ယောက်ျားဖြစ်နိုင်ခြေက ပိုများတယ်။

ဒါပေမယ့် ကျန့်ဝေ အလုပ်လုပ်တဲ့ ဆိုင်မှာ မန်နေဂျာ အပါအဝင် ဝန်ထမ်းတွေအားလုံးက အသက်၂၀နဲ့၃၀ကြား အမျိုးသမီးတွေပဲ ဖြစ်တယ်။ ရာဇ၀တ်မှုများအတွက် ၎င်းတို့၏သံသယမှာ သုညနီးပါးဖြစ်သည်။ကျန့်ဝေနှင့် ငြင်းခုံနေသည့် ဖောက်သည် သည် ရိုးရိုးသားသားနှင့်ကြည့်နေသည်။ သူမသည် အလွန်သေးငယ်ပြီး ရာဇ၀တ်မှုကျူးလွန်ရန် မစွမ်းဆောင်နိုင်သူမဟုတ်ပေ။

ခဏလောက်စဉ်းစားပြီးနောက် ယင်ထောင် က ဖန်သားပြင်မျက်နှာပြင်ရှေ့က ဝန်ထမ်းတွေကိုပြောလိုက်သည်။ "ဆာ၊ဆိုင်ရဲ့အဝင်ဝမှာ စောင့်ကြည့်ဗီဒီယိုကို အဲအချိန်နဲ့တပြေးညီပြပေးပါ"

ဝန်ထမ်းတွေက ဗီဒီယိုကို အမြန်ရှာတွေ့ခဲ့ပါတယ်။ ပိုင်လော်နဲ့ရှကျင်းတို့လည်း ကြည့်ကြသည်။

"အငြင်းအခုံဖြစ်တုန်းက ဆိုင်အဝင်ဝမှာ လာကြည့်သူနည်းနည်းပဲရှိတယ်" ဟု ယင်ထောင်က ပိုင်လော်နဲ့ ရှကျင်းကိုပြောပြတယ်။ 'ကြည့်သူတွေထဲ ကျန့်ဝေနဲ့ဖောက်သည်ကြားက အငြင်းအခုံအကြောင်း ကိုမြင်ပြီး သတ်ခဲ့တဲ့တစ်စုံတစ်ယောက်ပါလေမလား?"

"နင်ပြောချင်တာက လူသတ်သမားက ကြည့်နေသူတွေထဲကတစ်ယောက်ဖြစ်နိုင်တယ်ပေါ့!" ပိုင်လော်သည် ယင်ထောင်၏အတွေးအမြင်ကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။ "နင်ပြောတာက ကျန့်ဝေမှာ ညံ့ဖျင်းတဲ့စိတ်သဘောထားရှိတာမြင်သွားလို့ တစ်စုံတစ်ယောက်က ကျန့်ဝေကို သတ်သွားတယ်ပေါ့?"

"ဖြစ်နိုင်ခြေက မမြင့်ဘူး။" ယင်ထောင်သည် ဗီဒီယိုထဲတွင် ကြည့်ရှုသူများကို ကြည့်လိုက်ရာ ကြံ့ခိုင်မှုကောင်းမွန်သော အမျိုးသားများစွာရှိကြောင်း သတိပြုမိခဲ့သည်။ယင်ထောင် သည် သူတို့၏ မျက်နှာအသွင်အပြင်ကို ဂရုတစိုက် မှတ်သားထားသည်။ "ဒါပေမယ့်မဖြစ်နိုင်တာတော့မဟုတ်ပြန်ဘူး!"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now