Ch-36 : အပူတပြင်းလိုက်ကြခြင်း။

683 69 0
                                    


 Ch-36 : အပူတပြင်းလိုက်ကြခြင်း။

မှုခင်းဆရာဝန်လည်း စုံစမ်းစောင့်ကြည့်ရှာဖွေရတာပဲ၊လူသေနဲ့အသက်ရှင်သောလူ တကယ်တော့ အတူတူပါပဲ" ဖန်ကျင်း သူမကို စူးစိုက်စိုက်ကြည့်နေသည်ကို ယင်ထောင် သတိပြုမိပြီး နည်းနည်းထိတ်လန့်သွားသည် ။

"ခေါင်းဆောင်ဖန်၊ ရာဇ၀တ်ကောင်ရဲ့သတိထားတက်တဲ့အကျင့်စရိုက်ကြောင့် သူဟိုတယ်ကို ကြိုပြီးရောက်နေတာဖြစ်နိုင်တယ်လို့ ကျွန်မထင်တယ်။ အလားတူ ကိုယ်လုံးကိုယ်ပေါက်ရှိသူကို ရှာတွေ့နိုင်မလားဆိုတာ သိဖို့ ရက်အနည်းငယ် အစောပိုင်းက ဟိုတယ်ရဲ့ စောင့်ကြည့်ဗီဒီယိုဖိုင်ကို ကြည့်ရှုနိုင်တယ်။" ဝေဖန်၏အမှုတွင် လူသတ်သမားသည် မူရင်းဝတ္ထုတွင်ဖန်ကျင်း၏အစ်ကိုကို ပြန်ပေးဆွဲပြီး သတ်ခဲ့သည့် လူသတ်သမားနှင့် အတူတူပင်ဖြစ်နိုင်သည်ဟု ယင်ထောင်ခံစားမိသည်။ဖန်ကျင်း သည် သူ၏နောင်တကို ကုစားနိုင်ရန် လူသတ်သမားကို တတ်နိုင်သမျှ အမြန်ဆုံး ဖမ်းနိုင်မည်ဟု သူမ မျှော်လင့်သည်။

"ကောင်းပြီ ရှောင်ယင်၊ဝေဖန်ရဲ့အောက်မေ့ဖွယ်အခမ်းအနားက သဘက်ခါလေ၊ရဲစခန်းအဝင်ဝမှာ မင်းကိုစောင့်နေမယ်၊ အတူတူသွားကြမယ်" ဖန်ကျင်း သည် ယင်ထောင်က ယခင်က သူနှင့်ဆက်ဆံဖူးသော မိန်းကလေးများနှင့် မတူကြောင်း ခံစားခဲ့ရသည်။ သူမသည် အလွန်သိမ်မွေ့သောပုံပေါက်သော်လည်း သာမန်အမျိုးသားအများစုထက် ရဲရင့်ပြီး ထက်မြက်သည်။

"ခေါင်းဆောင်ဖန်၊ကျွန်တော် လည်းလိုက်မယ်၊ခေါင်းဆောင်ချန်းက သံသယရှိသူနဲ့တွေ့ရင် ကူညီပေးဖို့ ပြောထားတယ်"ရဲအရာရှိငယ်သည် ဖန်ကျင်းကို ၎င်း၏ idol အဖြစ် အမြဲတန်းမှတ်ခဲ့သည်။ ဖန်ကျင်း၏ အမှုကိစ္စအသေးစိတ်ကို သူလက်လွတ်မခံချင်ပါ။

"ကောင်းပြီ၊အောက်မေ့ဖွယ်အခမ်းအနားမှာ လူအများကြီးလာမှာ ပုံမှန်မဟုတ်တဲ့ အကျင့်စရိုက်ရှိတဲ့ ဇာတ်ကောင်တွေရှိမရှိစောင့်ကြည့်ဖို့ သွားရမယ်" ဖန်ကျင်းက ရဲအရာရှိငယ်ကို ကြည့်လိုက်ပြီး ယင်ထောင်း ကိုမေး၏။ "သူက ဌာနခွဲ ၂က ကျဲယု၊ငါ့ကို ကူညီပေးဖို့ ခေါင်းဆောင်ချန်းက သူ့ကို လွှတ်ပေးထားတာ၊မင်း သူ့ကို သိလား?"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now