Ch-26 : မှုခင်းဆရာဝန်။

735 80 0
                                    


Ch-26 : မှုခင်းဆရာဝန်။

"ကောင်းကောင်းနားယူလိုက်ဦး၊နင့်မှာအချိန်ရရင် ဝေကျဲကို နှစ်သိမ့်ပေးလိုက်နော်၊သူမ အပြင်ထွက်နိုင်ဦးမယ်လို့ ငါတော့မထင်ဘူး" ယင်ထောင်က ကြင်နာစွာပြောခဲ့သည်။

ယင်နင်းက မကျေမနပ် မျက်မှောင်ကြုတ်ပြီး ဒေါသသံနဲ့ပြောလေသည်။ "ငါသိပါတယ်။နင် စိတ်ပူစရာမလိုဘူး!"

ယင်ထောင်က ပခုံးတွန့်ပြသည်။သူမ ယင်နင်းနဲ့ ငြင်းခုံရန် မလိုလားဘဲ အိပ်ခန်းထဲမှ ထွက်လာခဲ့တယ်။

"အဲဒါဘယ်လိုလဲ?" ယင်ဟောင်က သူမလှေကားမှဆင်းလာသည်ကိုမြင်သောအခါ ကမန်းကတန်းမေးလာသည်။

"သူမ အဆင်ပြေပါတယ်။ အစ်ကို ညီမလေးရဲစခန်းကို အရင်ပြန်လိုက်မယ်" ယင်ထောင် သူမ၏ ကျောပိုးအိတ်ကို ကောက်ကိုင်လိုက်ပြီး အပြင်ထွက်ရန် ပြင်ဆင်သည်။

"အဖေက မကြာခင်ပြန်လာတော့မှာ ညစာအတူတူစားရအောင်။" ယင်ဟောင် သည် အပြင်မှာ တစ်ယောက်တည်း နေရသော ယင်ထောင်အတွက် စိတ်မကောင်းဖြစ်မိသည်။ သူမရဲ့ မိသားစုနဲ့ ဆက်ဆံရေးကို နည်းနည်းလေး ပိုပြီးတော့ ရင်းရင်းနှီးနှီး ရှိစေချင်တယ်။

"ထားလိုက်တော့၊အစ်ကိုကြီး ဒီမိသားစုမှာ အစ်ကိုကြီးကလွဲလို့ ဘယ်သူကမှ ညီမလေးနဲ့ စားသောက်ဖို့ဆန္ဒမရှိဘူးလို့ ညီမလေး ထင်တယ်" ယင်ထောင်၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

ယင်ဟောင်က ယင်ထောင်၏စကားကိုကြားတော့ ပိုလို့တောင် စိတ်မကောင်းဖြစ်သွားတယ်။ "အဲလို မပြောနဲ့။ အိမ်မှာစားရအောင်။ ငါချက်ပြုတ်ပေးမယ်။"

"ညီမလေး..." ယင်ထောင်၏ဖုန်းမြည်သံကြောင့် သူမ၏ စကားများ ပြတ်တောက်သွားသည်။ ဆရာဖြစ်သူမှ ခေါ်ဆိုသည်ကို မြင်သောအခါ သူမ ဖုန်းခေါ်ဆိုမှုကို အမြန်ဖြေကြားလိုက်သည်။

"ဟဲလို၊ဆရာ"

"ယင်ထောင်၊မြို့ဟောင်းရဲ့နောက်ဖေးလမ်းက မြစ်ထဲမှာ အမျိုးသားအလောင်းတစ်လောင်း တွေ့လို့၊ငါ့မှာကိစ္စတချို့ ရှိသေးတယ်။ အခင်းဖြစ်ပွားရာနေရာကို အရင်သွားပါ။" စုနင်း သည် တည်နေရာအတွက် ရိုးရှင်းသော ညွှန်ကြားချက်များပေးခဲ့ပြီး ယင်ထောင် အချိန်မဆွဲဝံ့ပေ။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now