Ch-17: စီနီယာ
"City Aမှာ စုံထောက်အဖွဲ့တစ်ဖွဲ့တည်းရှိတာမဟုတ်ဘူး၊ငါလူတိုင်းကို ဘယ်လိုလုပ်မြင်ဖူးမှာလဲ?'ဖန်ကျင်းက စိတ်မဝင်စားသလို ကြည့်နေသေးသည်။
"ဟေ့၊ မင်းတို့နှစ်ယောက် စုံထောက်အဖွဲ့ထဲက ခေါင်းဆောင်ဖန်အကြောင်းကြားဖူးလား?" လင်းကျား သည် ဖန်ကျင်း၏ အားထုတ်မှုကို လျစ်လျူရှုပြီး ပိုင်လော်နဲ့ရှကျင်းကို မေးသည်။
"ကြားဖူးတယ်၊ခေါင်းဆောင်ဖန်က အသက် 28 နှစ်ပဲရှိသေးပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေကို ဖြေရှင်းခဲ့ပြီး အောင်မြင်မှုကကြီးမားတယ် ၊ သူက ညီမတို့စုံထောက်အဖွဲ့ထဲက ဂန္ထဝင်တစ်ယောက်ပါ။" ပိုင်လော်က ဒီကိစ္စကို သိပ်ပြီး မစဉ်းစားမိပါ။ ဖန်ကျင်းက ၎င်းတို့၏ဌာနခွဲသို့ အချိန်အတိုင်းအတာတစ်ခုအထိ ပြောင်းရွှေ့လာမည်ဟု ခေါင်းဆောင်ချန်းထံမှ ကြားသိခဲ့တယ်။တကယ်တော့ သူမဟာ ဒီဒဏ္ဍာရီဆန်သောလူကို တွေ့ဆုံဖို့ မျှော်လင့်နေခဲ့တယ်။
"ခင်ဗျားက ခေါင်းဆောင်ဖန်လား?" ရှကျင်းက သူ့ရှေ့မှ သန့်စင်သောလူကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ငါမဟုတ်ဘူး။ သူလေ!" လင်းကျားက ပြုံး၍ ဖန်ကျင်းကို ကြည့်လိုက်၏။
"ခေါင်းဆောင်ဖန်၊ကျွန်တော်တို့က ဌာနခွဲ ၂ ကပါ။ခင်ဗျားက စီနီယာပါ၊ကျွန်တော် မင်းကို လေးစားနေတာကြာပါပြီ" လင်းကျား၏နောက်မှ ဖန်ကျင်းကို မြင်သောအခါ ရှကျင်း သက်သာရာရသွားသည်။ ထိုယောကျာ်းသည် သူစိတ်ထဲတွင်ရှိနေသည့် ခေါင်းဆောင်ဖန်နှင့် ဆင်တူသည်။ သူသည် အရပ်ရှည်၏။သူသည် ဂုဏ်သိက္ခာရှိပြီး ဖြောင့်စင်းသော်လည်း သူ၏ မျက်နှာသွင်ပြင်မှာ အနည်းငယ် သပ်ရပ်လွန်းသည်။
"ကျွန်မတို့ဆရာ၊ခေါင်းဆောင်ချန်းက ဌာနခွဲ ၂ ကလေ၊သူက စီနီယာ့ကိုစုံထောက်အဖွဲ့ရဲ့ ဥာဏ်ကြီးရှင်တစ်ယောက်လို့ မကြာခဏ ချီးကျူးတယ်၊စီနီယာက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူပါ!" ပိုင်လော်ကလည်း ဖန်ကျင်း ကို လေးစားအားကျစွာ ကြည့်နေ၏။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomansaAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.