Ch-25 : ကံကြမ္မာ။
"ဘာလို့လာတာလဲ?" ယင်နင်းက ယင်ထောင် ဝင်လာသည်ကိုမြင်သောအခါ သိသိသာသာ အံ့သြသွားပြီး ကုတင်ပေါ်ကနေ ကမန်းကတန်း ထထိုင်၏။
"လှဲနေ" ယင်ထောင် က ယင်နင်း၏မျက်လုံး ငိုထားလို့ ရောင်ရမ်းနေသည်ကို မြင်ရသည်ကို သည်းမခံနိုင်ပေ။ ယင်နင်းက မူလက သိမ်မွေ့ပြီး လှပသော မျက်နှာရှိသော်လည်း ယခုအချိန်တွင် ပို၍ပင် ပျော့ပျောင်းပြီး သနားစရာ ဖြစ်နေသည်။
"ဘာလို့လာတာလဲ" ယင်နင်း ယခုအနည်းငယ် ပင်ပန်းနေပြီး သူမ၏ ခါတိုင်းလို ရန်လိုသည့် စိတ်ဓာတ်မျိုးနှင့် မတူပေ။
"ဝေဖန်အကြောင်း နည်းနည်းသိချင်လို့..." ယင်ထောင်က ပြောလို့မပြီးခင် ယင်နင်းက စကားဖြတ်ပြောတယ်။
"နင့်ကိုနင် တကယ်ပဲ ရဲအရာရှိလို့ထင်နေသလား?"ယင်နင်း၏ မျက်ခုံးများ အနည်းငယ်မြင့်သွား၏။ ယင်ထောင်၏မေးခွန်းထုတ်သံကို သူမ မကြိုက်ပါ။ "ဒီမနက်တုန်းက ရဲစခန်းကို သွားပြီးပြီ၊သိချင်ရင် ရဲစခန်းသို့ ပြန်သွားပြီး ထုတ်ပြန်ချက်ကို ကိုယ်တိုင်ဖတ်၊ဒီမှာ ဒုက္ခမပေးနဲ့။"
ယင်နင်း နည်းနည်းစိတ်မရှည်ပေ။သူမ ယင်ထောင်နဲ့ပြောဖို့ဆက်ဆံဖို့ကို မုန်းတီးတယ်။
"ငါ ပြသာနာမရှာဘူး၊တွေ့ဆုံပွဲမှာ ဘယ်သူတွေတက်ရောက်သလဲ မေးချင်ရုံပါ" ယင်ထောင်က ယင်နင်း၏ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသိသောကြောင့် စိတ်ရှည်ရှည်ဖြင့် ဆက်မေးတယ်။
"ငါ ဝေကျဲနဲ့လိုက်သွားတာ၊ဝေဖန်ရဲ့သူငယ်ချင်းအားလုံးကို ငါမသိဘူး၊ငါတစ်ခါမှမတွေ့ဖူးတဲ့လူတွေရှိတယ်၊နောက်ဆုံးတခေါက်နင်တွေ့ခဲ့တဲ့ ရှီဖန်နဲ့ကျင်းချန်းလည်း တက်ရောက်တယ်"ယင်နင်းသည် သူမနှင့်ငြင်းခုံဖို့ ခွန်အားမရှိပေ။
"နင်တို့နှစ်ယောက်ကြားမှာ အဆင်မပြေမှုတစ်ခု ဖြစ်ခဲ့သလား" ယင်ထောင်က မေးနေစဉ် ယင်နင်း၏ ၏အမူအရာကို သတိပြုမိသည်။ သူမ လိမ်ညာပုံမပေါ်ပါ။
"စိတ်ညစ်စရာဘာများရှိမှာလဲ?ငါတို့အားလုံးက သူငယ်ချင်းတွေဖြစ်ပြီး ပတ်ဝန်းကျင်က အရမ်းသာယာတယ်။ ဘယ်သူသိမလဲ..." ယင်နင်း ဝေဖန် ကိုတွေးရင်း မထိန်းနိုင်ဘဲ တိုးတိုးလေး ရှိုက်၏။ "ဝေကျဲမှာ အစ်ကိုတစ်ယောက်ပဲရှိတာ၊သူတို့က များသောအားဖြင့် အရမ်းရင်းနှီးတယ်။ ဘာကြောင့် ဒီလို မတော်တဆ ဖြစ်ရတာလဲ"
![](https://img.wattpad.com/cover/365682519-288-k334142.jpg)
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.