Ch-30 : ကံကြမ္မာကိုလက်ခံခြင်း။
"လူသတ်သမားကတခြားသဲလွန်စတွေ မချန်ထားဘူး။ ဝေဖန်ရဲ့အသိုင်းအဝိုင်းကနေ စတင်ရင်ကော ဖြစ်နိုင်သလား?" ယင်ထောင်က တသီးတသန့်ဆန်လှသော ဖန်ကျင်းကိုကြည့်လိုက်၏။
"ဟမ်...မှုခင်းဆရာဝန်ယင်၊မင်းရဲ့ညီမလေးက ဝေဖန်နဲ့ရင်းနှီးတယ်မဟုတ်လား?" ဖန်ကျင်းက မေးလာ၏။
"သိပ်မဆိုးဘူး၊ယင်နင်းနဲ့ဝေဖန်ရဲ့ညီမလေး ဝေကျဲတို့က သူငယ်ချင်းကောင်းတွေဖြစ်လို့ မကြာမကြာ တွေ့ဆုံကြတယ်လေ" ယင်ထောင် သည် ဖန်ကျင်း၏ရည်ရွယ်ချက်ကို နားမလည်ပေမဲ့ သူက ယင်နင်းအပေါ် သံသယဝင်ရန် အကြောင်းပြချက် မရှိသင့်ပေ။
"ဝေဖန်ရဲ့အောက်မေ့ဖွယ် အခမ်းအနားက သုံးရက်အတွင်း လုပ်မှာ မင်းသွားမှာလား?" ဖန်ကျင်းက ယင်ထောင်ကို ကြည့်၍မေးသည်။
"ကျွန်မရဲ့မိသားစု သွားမှာလေ၊ကျွန်မ မသွားတော့ဘူး" ဝေဖန်၏ အောက်မေ့ဖွယ် အခမ်းအနားသည် အမျိုးသား၊ အမျိုးသမီး ဇာတ်လိုက်များနှင့် ဇာတ်ပို့သရုပ်ဆောင်များ စုရုံးသည့် ခမ်းနားသော အခါသမယဖြစ်သည်။ ယင်ထောင် မပါဝင်ချင်မိပါ။
"သေဆုံးသူရဲ့သူငယ်ချင်းတစ်ယောက် အနေနဲ့ ငါနဲ့အတူလိုက်ခဲ့လေ၊ရဲအရာရှိအနေနဲ့ သွားတာထက် ပိုအဆင်ပြေတယ်" ဟု ဖန်ကျင်းက ယင်ထောင်းကို ဆက်ပြော၏။ "ဒါက ဝေဖန်ရဲ့အသိုင်းအဝိုင်းက သူငယ်ချင်းတွေကို စုံစမ်းစစ်ဆေးဖို့ အကောင်းဆုံးအခွင့်အရေးပဲ"
ဖန်ကျင်း ပြောတာ အဓိပ္ပာယ်ရှိမှန်း ယင်ထောင် သိပေမဲ့ သူမ ငြင်းဆန်ချင်သေးသည်။ ဖန်ကျင်း နဲ့အတူရှိတိုင်း သူမ၏အကြံအစည်တွေဘာလို့ပျက်သွားရသလဲ သူမ မသိပါ။
"ဟုတ်ပါပြီ၊ယင်ထောင်၊မင်းက ဝေဖန် အသက်ရှင်စဉ်က သူ့ဝါသနာနဲ့အလေ့အကျင့်ကို စုံစမ်း၊သူ့အတွက် သံသယဖြစ်စရာ အချက်တွေအများကြီးရှိတယ်" စုမင်၏စကားများသည် ယင်ထောင် အား ငြင်းဆန်ဖို့အကြောင်းပြချက်ကိုမပေးချေ။
ယင်ထောင် သည် ကံကြမ္မာအတွက် သူမကိုယ်သူမ နုတ်ထွက်ပြီး ဈပနာအခမ်းအနားသို့တက်ရောက်ဖို့သဘောတူခဲ့တယ်။သူမ ရဲစခန်းကို ပြန်ရောက်တော့ ပိုင်လော် ဝမ်းသာအားရ ရယ်နေတာကို တွေ့လိုက်ရတယ်။
YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.