Ch- 93 : လေ့ကျင့်ခြင်း။

193 23 1
                                    



Ch- 93 : လေ့ကျင့်ခြင်း။

"လူသတ်မှုရဲ့ ရည်ရွယ်ချက်က ဆုံးဖြတ်ရအခက်ဆုံးပဲ၊ ကျွန်မတို့မှာ လူသတ်သမားရဲ့ တူညီတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံဖော်မှုတွေ ရှိခဲ့မယ်ဆိုရင်လည်း ရာဇ၀တ်မှုကျူးလွန်မှုတစ်ခုရှိလာဦးမှာပဲ" ယင်ထောင် ဤအမှုများစွာတွင်လူသတ်၏ ရည်ရွယ်ချက်ကြောင့် တုန်လှုပ်သွားခဲ့သည်။ အချို့သော လူသတ်သမားများသည် မုန်းတီးမှုကြောင့် သတ်ကြတာဖြစ်သည်။

"အစီအစဉ်ရှိလား?" ဖန်ကျင်းက ယင်ထောင်ကို ရုတ်တရက် ကြည့်လိုက်သည်။

"ဘာမှမရှိဘူး၊ အစ်ကိုဖန် မှာ ကိုင်တွယ်ဖို့ တခြားစာရွက်စာတမ်းတွေရှိသေးလို့လား?" ဖန်ကျင်း မှာ ဖြေရှင်းစရာကိစ္စရှိသေးတယ်လို့ ယင်ထောင် တွေးမိပြီး သူမ ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။

"သွားကြရအောင်။ ငါနဲ့အတူ လေ့ကျင့်ရေးခန်းကို လိုက်ခဲ့"

ယင်ထောင် သည် စိတ်ရူပ်စွာနဲ့ မှတ်တမ်းအခန်းထဲကနေ လိုက်လာခဲ့တယ်။ ယင်ထောင် သည် လေ့ကျင့်ရေးခန်းထဲတွင် အားကစားပစ္စည်းကိရိယာများကို မြင်သောအခါ ဖန်ကျင်းရဲ့ရည်ရွယ်ချက်ကို နားလည်သွားသည်။

"အစ်ကိုဖန်၊ ရှင် အခု ကျွန်မကို ကိုယ်ခံပညာကို လေ့ကျင့်စေချင်တယ်လို့တော့ လာမပြောနဲ့" ဖန်ကျင်း သည် သူမအား တိုက်ခိုက်ရေးနည်းများကို သင်ပေးလိုကြောင်း ယခင်က ပြောခဲ့ဖူးသည်ကို သတိရမိသည်။ သူမသည် မူလက မနက်တိုင်း ပုံမှန်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း လုပ်စရာအလုပ်များလွန်းသဖြင့် စီစဉ်ထားသည့်အတိုင်း ပုံမှန်လေ့ကျင့်ရန် မဖြစ်နိုင်ပေ။

"ဟုတ်တယ်၊ ငါ မင်းကို တိုက်ခိုက်တက်ဖို့ အခြေခံတွေ သင်ပေးမယ်လို့ ကတိပေးတယ်၊ ဒါမှ အနာဂတ်မှာ အန္တရယ်ကြုံလာခဲ့ရင် အနည်းဆုံးတော့ ကာကွယ်ဖို့ တစ်ခုခုတော့လုပ်နိုင်မှာ" ဖန်ကျင်း သည် သူ့အင်္ကျီကို ချွတ်လိုက်ပြီး အနက်ရောင် လက်တိုအင်္ကျီကိုသာ ၀တ်ထားသည်။ လက်မောင်းပေါ်ရှိ ကြွက်သားများကို မြင်နိုင်သည်။

ဖန်ကျင်းက သူမအကျိုးအတွက်လုပ်နေမှန်း ယင်ထောင် သိပေမဲ့ စိတ်ထဲတွင် မလိုလားနေဆဲဖြစ်သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now