Ch-97 : အဆီ။

272 28 0
                                    


Ch-97 : အဆီ။

"သူ့အမူအရာက အတော်လေးကိုပုံမှန်ပဲ၊ ပြီးတော့ သူ့မိန်းမအတွက် ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာအားလုံးနဲ့ကိုက်ညီတယ်" ဖန်ကျင်း သည် ကားစက်နိုးကာ ခွဲစိတ်ခန်းဆီသို့ ဦးတည်သွားခဲ့သည်။ အကြောက်တရားသည် အတုအယောင်အတွက် အခက်ခဲဆုံး ခံစားချက်ဖြစ်သည်ကို ခံစားမိသည်။ ခန္ဓာကိုယ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် လွယ်ကူသော်လည်း ခြေလက်များ တုန်ခါခြင်းနှင့်နှုတ်ခမ်းတုန်ယင်နေသောကြောက်ရွံ့မှုကို အတုယူရန် ခက်ခဲသည်။

"သူ့ကို လူသတ်သမားလို့ ကျွန်မ မထင်ဘူး၊ သူ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည်က ဆုရထားတဲ့ သရုပ်ဆောင်တွေထက်တောင် ပိုကောင်းနေရင်တော့ မပြောတက်ဘူး" ယင်ထောင် သည်

"သူ့ရဲ့အိမ်မွေးခွေးက ပန်းခင်းကြီးနားမှာ မြေတူးနေတာကို တွေ့တာကြောင့် အလောင်းကို ရှာတွေ့ခဲ့တာလို့ ခေါင်းဆောင်ချန်းက ငါ့ကိုပြောပြတယ်" ဖန်ကျင်း သည် မြေမြုပ်ထားသည်ကို ပြီးပြည့်စွာမလုပ်ထားဟု ခံစားမိသည်။ လွဲချော်မှုတွေ အများကြီးရှိမယ်လို့ ယူဆရပေမည်။

"ဘယ်သူမှမသိဘဲ ဗီလာဥယျာဉ်ထဲမှာ အလောင်းကို ဖုံးကွယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

ယင်ထောင် သည် ဗီလာ၏အပြင်အဆင်ကို တွေးမိပြီး ဖန်ကျင်း ကိုပြောလိုက်သည်။ "ပန်းခြံက သစ်ပင်တွေနဲ့ ဝန်းရံထားပေမယ့် လုံးဝဖုံးကွယ်နေတာမဟုတ်ဘူး၊ တိုင်ကြားသူက အိမ်မှာရှိနေသရွေ့ ညနောက်ကျတဲ့အချိန်မဟုတ်ရင် အလောင်းကို သူ့ဗီလာမှာ မြုပ်နှံဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ညဉ့်နက်ရင်တောင် လွယ်မှာမဟုတ်ဘူး။ သူ့ခွေးက ခွေးကြီးမျိုးဖြစ်ပြီး ပထမထပ်က ခန်းမထဲမှာ ထားရှိတယ်။ ရှာတွေ့မခံရပဲ လူသတ်ကောင်ကမြှုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။" ဖန်ကျင်း သည် ထိုလူ၏ အသည်းကွဲအမူအရာကို တွေးပြီး နည်းနည်းရူပ်ထွေးနေ၏။

"ဒါဆို တိုင်ကြားသူက တရားခံဖြစ်နေတုန်းပဲပေါ့" ယင်ထောင်က မေး၏။

"ဒါဆို အသိမိတ်တွေ ကျုးလွန်တဲ့ရာဇ၀တ်မှုလည်း ဖြစ်နိုင်တယ်။ တိုင်ကြားသူရဲ့ အိမ်လျှို့ဝှက်ကုဒ်ကို သိသရွေ့ အလောင်းကို မြှုပ်နှံဖို့ အခွင့်အရေး ရှိတယ်" ဖန်ကျင်း သည် မြေအောက်ကားပါကင်သို့ မောင်းသွားခဲ့သည်။ သူက ယင်ထောင်ကိုကြည့်ပြီး စိုးရိမ်စိတ်နဲ့မေးတယ်။ "မင်းဘယ်လိုနေလဲ။ မင်းအတွက် ကော်ဖီတစ်ခွက် ယူပေးရမလား?"

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now