Ch-33 : မသက်မသာနည်းနည်းဖြစ်တယ်။

708 77 0
                                    


Ch-33 : မသက်မသာနည်းနည်းဖြစ်တယ်။

ဖန်ကျင်း နှင့် ဌာနခွဲ ၂ရှိ အရာရှိနှစ်ယောက်တို့သည် အတော်လေး အဆင်ပြေပေမဲ့ သူ လူမှုဆက်ဆံရေး ကောင်းမွန်သောကြောင့် မဟုတ်ပါ။ ဖန်ကျင်း သည် ဌာနတွင် ဒဏ္ဍာရီတစ်ဦးဖြစ်သောကြောင့် လူတိုင်းက သူ့ကို ရောင်စုံမှန်ဘီလူးများဖြင့် ကြည့်နေခဲ့တယ်။

တစ်ချိန်တည်းမှာ ထူးချွန်ပြီး ရက်ရောတဲ့စီနီယာ ကို မကြိုက်တဲ့သူဘယ်သူရှိသလဲ?

နောက်ဆုံးတော့ အရက်သောက်ပွဲက ပြီးသွားတယ်။ အရက်မသောက်သော အရာရှိနှစ်ဦးသည် ခေါင်းဆောင်ချန်းနှင့်ဒုခေါင်းဆောင် အား သီးခြားစီ အိမ်သို့လိုက်ပို့ခဲ့တယ်။ကျန်တဲ့လူတွေလည်း အတူတူကျန်ခဲ့တယ်။ ယင်ထောင် နဲ့ ပိုင်လော် တို့သည် မူးနေသော ရှကျင်းကို တွဲကူဖို့ စားသောက်ဆိုင်အဝင်ဝတွင် ကျန်ခဲ့သည်။

"နင်မသောက်နိုင်ရင် သူရဲကောင်းလုပ်တမ်းမကစားနဲ့!" ပိုင်လော်က မူးနေသော ရှကျင်း ကို ကြည့်၍ အပြစ်တင်၏။ "ငါ နင့်ပါတနာသာမဟုတ်ရင် နင့်ကို လမ်းဘေးမှာ ပစ်ထားတယ်!"

"ဟုတ်ပြီ၊ရဲစခန်းကို တက္ကစီနဲ့ အတူတူပြန်ရအောင်" ပိုင်လော် က အရမ်းသန်မာပြီး ရှကျင်း ကို တစ်ယောက်တည်းတွဲနိုင်တယ်။ ယင်ထောင်က တက္ကစီစီးဖို့ လမ်းဘေးကို သွားချင်ပေမယ့် ပိုင်လော်က သူမကို တားတယ်။ "နင်နဲ့ခေါင်း‌ဆောင်ချန်းက အတူလာတာမဟုတ်ဘူးလား?သူအထဲမှာ ငွေရှင်းနေတုန်းပဲ။ နင် သူ့ကိုစောင့်ချင်လား?"

ပိုင်လော်၏ 'သိနေတယ်'ဟု ပြောနေသောအကြည့်ကိုကြည့်ရင်း ယင်ထောင် သည် ဖန်ကျင်းနဲ့သူမတို့ ဆက်ဆံရေးကို နားလည်မှုလွဲနေတာဖြစ်မည်ဟု နားလည်သွားသည်။သူမက မြန်မြန်ရှင်းပြတယ်။ "ဘာကိုစောင့်ရမှာလဲ?ငါ နင့်ကိုပြောထားမယ်၊နောင် ရဲစခန်းမှာ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့နော်၊ခေါင်းဆောင်ဖန်က သူ အခု မချိန်းတွေ့ချင်ဘူးလို့ ပြောနေတာ မကြားဘူးလား"

ယင်ထောင်က ပိုင်လော်က သူမအနောက်ကိုကြည့်နေသည်ကိုမြင်သောအခါ သူမလည်း လှည့်ကြည့်လိုက်သည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now